• Follow Us on

Home ေပ်ာက္ဆုံးသြားေသာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္သက္တမ္းရွိ ေခါင္းေလာင္းႀကီးျပန္ေတြ႕

ေပ်ာက္ဆုံးသြားေသာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္သက္တမ္းရွိ ေခါင္းေလာင္းႀကီးျပန္ေတြ႕

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၉

ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ သဃၤန္ကၽြန္းႀကီးေက်းရြာအုပ္စုတြင္ ၿပီးခဲ့သည့္ရက္ပိုင္းက ေပ်ာက္ဆုံးသြားေသာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္သက္တမ္းရွိေခါင္းေလာင္းႀကီးျပန္လည္ေတြ႕ရွိေၾကာင္း သဃၤန္ကၽြန္းႀကီးေက်းရြာအုပ္စု အေထြေထြအတြင္းေရးမွဴး ကိုေဇာ္မင္းေထြးကေျပာပါတယ္။

၎ေခါင္းေလာင္းႀကီးသည္ ေအာက္တိုဘာ ၁၅ ရက္တြင္ ေပ်ာက္သြားျခင္းျဖစ္ၿပီး လိုက္လံရွာေဖြခဲ့ရာ ေအာက္တိုဘာ ၁၇ ရက္ နံနက္ ၆ နာရီတြင္ အမွတ္ ၃ လမ္းမႀကီးေပၚတြင္ျပန္လည္ေတြ႕ရွိေၾကာင္း ကိုေဇာ္မင္းေထြးဆိုပါတယ္။

“ျပန္ေတြ႕ၿပီ အေဝးေျပးအမွတ္ ၃ လမ္းမေပၚက လမ္းေဘးမွာျပန္ေတြ႕တာ။ စေနေန႔မနက္ ၆ နာရီ ေလာက္မွာျပန္ေတြ႕တာ။ အဲ့ဒီမွာ ဆာလာအိတ္ထဲထည့္ၿပီး အမွိုက္ကန္ရဲ႕ ေဘးနားမွာ ပစ္ခ်ခဲ့တာကို အမိႈက္သန္႔ရွင္းေရး၀န္ထမ္းလာေျပာလို႔သိရတယ္”ဟု ကိုေဇာ္မင္းေထြးကေျပာပါတယ္။

ယင္းေခါင္းေလာင္းႀကီးသည္ မူလအတိုင္းျပန္လည္ေတြ႕ရွိၿပီး လက္ရွိအခ်ိန္တြင္ ၎ေခါင္းေလာင္းႀကီးအား ရဲစခန္းတြင္ထားရွိေၾကာင္း ၎က ေျပာဆိုခဲ့သည္။

#PeopleMedia

(unicode)
ပျောက်ဆုံးသွားသော နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ခေါင်းလောင်းကြီးပြန်တွေ့
……………………………………………..

ရန်ကုန်၊ အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်ကျွန်းကြီးကျေးရွာအုပ်စုတွင် ပြီးခဲ့သည့်ရက်ပိုင်းက ပျောက်ဆုံးသွားသော နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိခေါင်းလောင်းကြီးပြန်လည်တွေ့ရှိကြောင်း သင်္ဃန်ကျွန်းကြီးကျေးရွာအုပ်စု အထွေထွေအတွင်းရေးမှူး ကိုဇော်မင်းထွေးကပြောပါတယ်။

၎င်းခေါင်းလောင်းကြီးသည် အောက်တိုဘာ ၁၅ ရက်တွင် ပျောက်သွားခြင်းဖြစ်ပြီး လိုက်လံရှာဖွေခဲ့ရာ အောက်တိုဘာ ၁၇ ရက် နံနက် ၆ နာရီတွင် အမှတ် ၃ လမ်းမကြီးပေါ်တွင်ပြန်လည်တွေ့ရှိကြောင်း ကိုဇော်မင်းထွေးဆိုပါတယ်။

“ပြန်တွေ့ပြီ အဝေးပြေးအမှတ် ၃ လမ်းမပေါ်က လမ်းဘေးမှာပြန်တွေ့တာ။ စနေနေ့မနက် ၆ နာရီ လောက်မှာပြန်တွေ့တာ။ အဲ့ဒီမှာ ဆာလာအိတ်ထဲထည့်ပြီး အမှိုက်ကန်ရဲ့ ဘေးနားမှာ ပစ်ချခဲ့တာကို အမှိုက်သန့်ရှင်းရေးဝန်ထမ်းလာပြောလို့သိရတယ်”ဟု ကိုဇော်မင်းထွေးကပြောပါတယ်။

ယင်းခေါင်းလောင်းကြီးသည် မူလအတိုင်းပြန်လည်တွေ့ရှိပြီး လက်ရှိအချိန်တွင် ၎င်းခေါင်းလောင်းကြီးအား ရဲစခန်းတွင်ထားရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်။

#PeopleMedia


Share this post