• Follow Us on

Home ေပ်ာက္ဆုံးေနေသာ ထိုင္းသန္းႂကြယ္သူေဌးမအေလာင္း ေနအိမ္ေရခဲေသတၱာထဲတြင္ ေတြ႕ရွိ

ေပ်ာက္ဆုံးေနေသာ ထိုင္းသန္းႂကြယ္သူေဌးမအေလာင္း ေနအိမ္ေရခဲေသတၱာထဲတြင္ ေတြ႕ရွိ

Share this post

ထိုင္းနိုင္ငံက ေပ်ာက္ဆုံးေနတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ သန္းႂကြယ္သူေဌး အမ်ိဳးသမီးရဲ႕ အေလာင္းကို သက္ဆိုင္ရာအာဏာပိုင္ေတြက ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

အသက္ ၅၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီး ၀ပ္နီ ဂ်ီသရနီးဟာ ထိုင္းနိုင္ငံေျမာက္ပိုင္း ခ်င္းမိုင္ၿမိဳ႕အနီးက ဘုရားေက်ာင္းကို လာေရာက္ခဲ့ၿပီးေနာက္ ေအာက္တိုဘာ ၁၈ ရက္ေန႕ကတည္းကစတင္ေပ်ာက္ဆုံးေနခဲ့တာျဖစ္ပါတယ္။ ၄င္းေပ်ာက္ဆုံးေနမႈကို အသက္ ၅၉ ႏွစ္အ႐ြယ္ အစ္ကိုေတာ္စပ္သူက မက္ေဆ့ခ္်မျပန္တာေၾကာင့္ သတိထားမိခဲ့ၿပီး အိမ္နီးခ်င္းေတြက အိမ္ထဲက အပုပ္နံ႕ရတယ္လို႔ ေျပာဆိုရာက အေလာင္းကို ရွာေတြ႕ခဲ့တာျဖစ္ပါတယ္။

၀ပ္နီရဲ႕ အေလာင္းကို ၄င္းေနအိမ္ရဲ႕ ေရခဲေသတၱာထဲမွာ ဘိလပ္ေျမေတြနဲ႕ ျမဳပ္ထားတာကိုေတြ႕ရပါတယ္။ ဒါအျပင္ အေလာင္းဟာ ႀကိဳးခ်ည္ခံထားရၿပီး ေခါင္းကိုလည္း ပလက္စတစ္နဲ႕ အုပ္ထားလ်က္ေတြ႕ရွိခဲ့ပါတယ္။ ထိုင္းရဲတပ္ဖြဲ႕ဟာ သံသယရွိတဲ့ လူသတ္တရားခံအျဖစ္ ၀ပ္နီရဲ႕ သူငယ္ခ်င္းျဖစ္သူ အြမ္ကို လိုက္လံရွာေဖြလ်က္ရွိေနပါတယ္။

အြမ္ဟာ ၀ပ္နီေသဆုံးတဲ့အခ်ိန္ကတည္းက စတင္ေပ်ာက္ဆုံးေနခဲ့ၿပီး ATM စက္ေတြက ေငြေတြထုတ္ယူခဲ့တဲ့ အေထာက္အထားေတြကိုလည္း ဘဏ္ေတြမွာ သက္ေသအေထာက္အထားေတြ႕ရွိထားပါတယ္။ ၀ပ္နီရဲ႕ ကားနဲ႕ဘဏ္ကတ္ေတြလည္း ေပ်ာက္ဆုံးလ်က္ရွိေနတယ္လို႔ ထိုင္းရဲတပ္ဖြဲ႕ကေျပာပါတယ္။

Ref; https://www.thesun.co.uk

[Unicode]
ပျောက်ဆုံးနေသော ထိုင်းသန်းကြွယ်သူဌေးမ အလောင်း နေအိမ်ရေခဲသေတ္တာထဲတွင် တွေ့ရှိ
——————————————————————–

ထိုင်းနိုင်ငံက ပျောက်ဆုံးနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေး အမျိုးသမီးရဲ့ အလောင်းကို သက်ဆိုင်ရာအာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အသက် ၅၈ နှစ်အရွယ် အမျိုးသမီး ၀ပ်နီ ဂျီသရနီးဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့အနီးက ဘုရားကျောင်းကို လာရောက်ခဲ့ပြီးနောက် အောက်တိုဘာ ၁၈ ရက်နေ့ကတည်းကစတင်ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ၄င်းပျောက်ဆုံးနေမှုကို အသက် ၅၉ နှစ်အရွယ် အစ်ကိုတော်စပ်သူက မက်ဆေ့ခ်ျမပြန်တာကြောင့် သတိထားမိခဲ့ပြီး အိမ်နီးချင်းတွေက အိမ်ထဲက အပုပ်နံ့ရတယ်လို့ ပြောဆိုရာက အလောင်းကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

၀ပ်နီရဲ့ အလောင်းကို ၄င်းနေအိမ်ရဲ့ ရေခဲသေတ္တာထဲမှာ ဘိလပ်မြေတွေနဲ့ မြုပ်ထားတာကိုတွေ့ရပါတယ်။ ဒါအပြင် အလောင်းဟာ ကြိုးချည်ခံထားရပြီး ခေါင်းကိုလည်း ပလက်စတစ်နဲ့ အုပ်ထားလျက်တွေ့ရှိခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ သံသယရှိတဲ့ လူသတ်တရားခံအဖြစ် ၀ပ်နီရဲ့ သူငယ်ချင်းဖြစ်သူ အွမ်ကို လိုက်လံရှာဖွေလျက်ရှိနေပါတယ်။

အွမ်ဟာ ၀ပ်နီသေဆုံးတဲ့အချိန်ကတည်းက စတင်ပျောက်ဆုံးနေခဲ့ပြီး ATM စက်တွေက ငွေတွေထုတ်ယူခဲ့တဲ့ အထောက်အထားတွေကိုလည်း ဘဏ်တွေမှာ သက်သေအထောက်အထားတွေ့ရှိထားပါတယ်။ ၀ပ်နီရဲ့ ကားနဲ့ဘဏ်ကတ်တွေလည်း ပျောက်ဆုံးလျက်ရှိနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။

Ref; https://www.thesun.co.uk


Share this post