• Follow Us on

Home ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၂၅၀၀ နှင့်အတူ မြန်မာနိုင်ငံသားတစ်ဦးကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဖမ်းဆီးထိန်းသိမ်းထား

ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၂၅၀၀ နှင့်အတူ မြန်မာနိုင်ငံသားတစ်ဦးကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဖမ်းဆီးထိန်းသိမ်းထား

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၂ (People Media)

 

ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၂၅၀၀၊ ဒီတိုနေတာ ၄၅၀၀ နှင့်အတူ မြန်မာနိုင်ငံသားတစ်ဦးပါဝင်သော လူသုံး ဦးအဖွဲ့ကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၌ ဇန်နဝါရီလ ၂၁ ရက်နေ့ညတွင် အာသံရိုင်ဖယ်တပ်ရင်းက စစ်ဆင်ရေး ပြုလုပ် ဖမ်းဆီးလိုက်ပြီး ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းထားကြောင်းသိရသည်။

 

အမှတ် ၂၃ အာသံရိုင်ဖယ်တပ်ရင်းမှအဖွဲ့သည် မီဇိုရမ်ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်း၍ သတင်းအရ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဆိုင်ဟာခရိုင်၊ ဇောင်းလင်းနယ်မြေတွင် စစ်ဆင်ရေးတစ်ရပ်ပြုလုပ်ခဲ့ရာ ဖောက်ခွဲရေးပစ္စည်းများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

 

သိမ်းဆည်းရမိသောပစ္စည်းများမှာ ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၂၅၀၀၊ ဒီတိုနေတာ ၄၅၀၀၊ အိန္ဒိယရူပီးငွေ ၇၃၅၀၀၊ မြန်မာကျပ်ငွေ ၉၃၅၀၀၀ နှင့် မော်တော်ယာဉ်တစ်စီး (ယာဉ်အမှတ် – MZ 07 7936) တို့ဖြစ်ကြောင်း အာသံရိုင်ဖယ်တပ်ရင်းဌာနချုပ်မှ ဗိုလ်မှူးရာဝတ်ကပြောသည်။

 

“ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဒီတိုနေတာတွေ သယ်ဆောင်လာတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးနဲ့ ချင်းအမျိုးသားတပ်ဦး (CNF) က မြန်မာနိုင်ငံသားတစ်ဦးကို စစ်ဆင်ရေးမှာ ဖမ်းမိထားပါတယ်။” ဟု ဗိုလ်မှူးရာဝတ်ကပြောသည်။

 

ချင်းအမျိုးသားတပ်ဦး (CNF) သည် မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တိုင်းရင်းသားအခွင့်အရေးတို့နှင့် ဒီမို ကရေစီအရေးတို့ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းနိုင်ရေးအတွက် တိုက်ပွဲဝင်နေသော ချင်းအ မျိုးသားနိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယင်းအဖွဲ့၏ လက်နက်ကိုင်အဖွဲ့အစည်းမှာ ချင်းအမျိုးသားတပ်မတော် (CAN) ဖြစ်ကြောင်း ရာဝတ်ကပြောသည်။

 

ယခုဖောက်ခွဲရေးပစ္စည်း အများအပြားသိမ်းဆည်းလိုက်မိခြင်းကြောင့် အရပ်သားများ၏ တန်ဖိုးရှိသောအသက် ပေါင်းများစွာဆုံးရှုံးရမည့်အရေးကို အာသံရိုင်ဖယ်တပ်ရင်းက ကယ်တင်လိုက်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးရာဝတ်က ပြောသည်။

 

သို့သော် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထပ်မံစစ်ဆင်းမည့်အကြောင်း အသေးစိတ်ကို အာသံရိုင်ဖယ်တပ်ရင်းက ထုတ်ဖော်ပြောကြားခြင်းမရှိချေ။

 

Ref: Myanmar national held in Mizoram with 2,500 kg of explosives

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Myanmar national held in Mizoram with 2,500 kg of explosives

 

#PeopleMedia


Share this post