• Follow Us on

Home ဖေဖော်ဝါရီလမှစ၍ ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်အဝေးပြေးယာဉ်များအနေဖြင့် လမ်းကြောင်းသုံးခု ခွဲ၍ ပြောင်းလဲအသုံးပြုရန် YRTC ညွန်ကြား

ဖေဖော်ဝါရီလမှစ၍ ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်အဝေးပြေးယာဉ်များအနေဖြင့် လမ်းကြောင်းသုံးခု ခွဲ၍ ပြောင်းလဲအသုံးပြုရန် YRTC ညွန်ကြား

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၄ (People Media)

 

ယာဉ်ကြောပိတ်ဆို့မှုကိုလျှော်ချရန် ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင် အဝေးပြေးယာဉ်များအနေဖြင့် ၂၀၂၂ ခုနှစ် ဖော်ဖော်ဝါရီ ၁ ရက်မှစတင်ကာ လမ်းကြောင်းသုံးခုခွဲ၍ ပြောင်းလဲအသုံးပြုရန် ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီက ညွှန်ကြားထားသည်။

 

ထိုသို့ ပြောင်းလဲရခြင်းမှာ အမှတ်(၃)လမ်းမကြီးနှင့် ခရေပင်လမ်းဆုံမီးပွိုင့်တွင် ယာဉ်ကြောများ ပိတ်ဆို့ကြပ် တည်းနေမှုကို လျှော့ချနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်ပြင်ပနှင့် ပြည်နယ်နှင့် တိုင်းများသို့ သွားလာမည့် အဝေးပြေးယာဉ်ကြီးများအား လမ်းကြောင်းများ ပြောင်းလဲသတ်မှတ်ရခြင်းဖြစ်ကြောင်း သိရ သည်။

 

ထိုသို့ ပြောင်းလဲရာတွင် အင်းစိန်ဘက်မှ ထွက်ခွာလာသော အဝေးပြေးကုန်တင်ယာဉ် ကုန်သေတ္တာတင် ယာဉ်များသည် အမှတ်(၄)လမ်းမကြီး၊ လှော်ကား၊ ထောက်ကြံံံံ့ မြို့ပတ်လမ်းမှတဆင့် ရန်ကုန်-ပဲခူး လမ်း ဟောင်းသို့ အသွားအပြန် ဖြတ်သန်းမောင်းနှင်ကြရန်နှင့် အောင်မင်္ဂလာအဝေးပြေးဝင်းမှ ထွက်ခွာသော Express အဝေပြေးယာဉ်များအနေဖြင့် ခရေပင်လမ်းဆုံမှ ပြည်လမ်းအတိုင်း ထွက်၍ အမြန်လမ်းသို့ အသွား အပြန် ဖြတ်သန်းမောင်းနှင်ကြရန် ညွန်ကြားထားခြင်းဖြစ်သည်။

 

ရန်ကုန်တိုင်း နယ်နိမိတ်အတွင်း ပုံမှန်သွားလာနေသော ကုန်တင်ယာဉ် ကုန်သေတ္တာတင်ယာဉ်များ၊ သီလဝါ၊ အရှေ့ဒဂုံဘက်မှ ဇေကမ္ဘာစက်မှုဇုန်မှ တဆင့် ထွက်ခွာလာသော အဝေးပြေးကုန်တင်ယာဉ်၊ ကုန်တင်သေတ္တာ ယာဉ်များ မော်လမြိုင်-ရေး-ထားဝယ်-မြိတ်-တနသာင်္ရီ-ကော့သောင်းဘက်သို့ သွားမည့် အဝေးပြေး Express ယာဉ်များသည် အမှတ်(၃) လမ်းမှတဆင့် ပဲခူးလမ်းဟောင်းသို့ အသွားအပြန် ဖြတ်သန်းမောင်းနှင်ကြရန် ညွန်ကြားထားသည်။

 

လမ်းကြောင်းသုံးခုခွဲ၍ သွားလာမည့်အစီအစဉ်နှင့် စပ်လျဉ်း၍ လိုက်နာမှုရှိမရှိ မြို့နယ်အဆင့် စစ်ဆေးအရေးယူ ရေးဆပ်ကော်မတီများမှ အလှည့်ကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့မှ စတင်၍ သတ်မှတ်လမ်းကြောင်းများအတိုင်း မောင်းနှင်နိုင်ရေးအတွက် သက်ဆိုင်ရာအသင်းအဝင် ကုန်တင်ယာဉ် ကုန်သေတ္တာတင်ယာဉ်များအား အသိပေးကြပ်မတ် ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ ညွန်ကြားထားသည်။

 

Photo – Credit

 

#PeopleMedia #YRTC

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 

Photo – Credit

 

#PeopleMedia #YRTC


Share this post