• Follow Us on

Home ေဘက်င္းကရပ္ကြက္ ၂၇ ခုမွာ အ၀င္အထြက္ပိတ္

ေဘက်င္းကရပ္ကြက္ ၂၇ ခုမွာ အ၀င္အထြက္ပိတ္

Share this post

ေဘက်င္း၊ ဇြန္ ၁၇

ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေတြဆက္ၿပီးျမင့္တက္ေနလို႔ တ႐ုတ္ႏိုင္ငံၿမိဳ႕ေတာ္ေဘက်င္းက လူသန္းခ်ီဟာ ကန္႔သတ္မႈအသစ္ေတြေအာက္မွာေနထိုင္ေနပါတယ္။

ဗုဒၶဟူးေန႔မွာလည္း ေဘက်င္းမွာကူးစက္ခံရသူ ၃၁ ေယာက္ထပ္တိုးခဲ့ၿပီး ၿပီးခဲ့တဲ့တစ္ပတ္အတြင္းမွာ လူ ၁၃၇ ေယာက္ကူးစက္ခံထားရပါၿပီ။

မၾကာေသးခင္ကကူးစက္ခံရမႈေတြမျမင့္ခင္ ေဘက်င္းမွာ ျပည္တြင္းကူးစက္ခံရမႈ ၅၇ ရက္ဆက္တိုက္မ႐ွိခဲ့တာ ပါ။

အခုကူးစက္ခံရမႈျမင့္တက္ေနတာဟာ ၿမိဳ႕ကို အသားနဲ႔ဟင္းသီးဟင္း႐ြက္ ၈၀ ရာခိုင္ႏႈန္းေထာက္ပံ့ေပးေနတဲ့ ႐ွင္ဖန္ဒီေစ်းမွာစခဲ့တယ္လို႔ ယံုၾကည္ရပါတယ္။

အနည္းဆံုးရပ္ကြက္ ၂၇ ခုကို အႏၲရာယ္အေတာ္အသင့္မ်ားတဲ့ေနရာေတြအျဖစ္ သတ္မွတ္ၿပီး ေစ်းနဲ႔နီးတဲ့ ရပ္ကြက္တစ္ခုကို အႏၲရာယ္ေတာ္ေတာ္မ်ားတဲ့ေနရာတစ္ခုအျဖစ္ သတ္မွတ္ခဲ့တာပါ။

အဲဒီရပ္ကြက္ေတြကလူေတြဟာ ၿမိဳ႕ထဲကေနထြက္လို႔မရပါဘူး။

အႏၲရာယ္နည္းတဲ့ေနရာေတြကလူေတြကေတာ့ ၿမိဳ႕ကထြက္ႏိုင္ေပမဲ့ ပိုးမ႐ွိေၾကာင္းအတည္ျပဳစစ္ေဆးခ်က္ရဖို႔ လိုပါတယ္။

Ref : Coronavirus in Beijing: 27 neighbourhoods not allowed to leave as spike continues

#PeopleMedia

(unicode)
ဘေကျင်းကရပ်ကွက် ၂၇ ခုမှာ အဝင်အထွက်ပိတ်
……………………………………

ဘေကျင်း၊ ဇွန် ၁၇

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေဆက်ပြီးမြင့်တက်နေလို့ တရုတ်နိုင်ငံမြို့တော်ဘေကျင်းက လူသန်းချီဟာ ကန့်သတ်မှုအသစ်တွေအောက်မှာနေထိုင်နေပါတယ်။

ဗုဒ္ဓဟူးနေ့မှာလည်း ဘေကျင်းမှာကူးစက်ခံရသူ ၃၁ ယောက်ထပ်တိုးခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ လူ ၁၃၇ ယောက်ကူးစက်ခံထားရပါပြီ။

မကြာသေးခင်ကကူးစက်ခံရမှုတွေမမြင့်ခင် ဘေကျင်းမှာ ပြည်တွင်းကူးစက်ခံရမှု ၅၇ ရက်ဆက်တိုက်မရှိခဲ့တာ ပါ။

အခုကူးစက်ခံရမှုမြင့်တက်နေတာဟာ မြို့ကို အသားနဲ့ဟင်းသီးဟင်းရွက် ၈၀ ရာခိုင်နှုန်းထောက်ပံ့ပေးနေတဲ့ ရှင်ဖန်ဒီဈေးမှာစခဲ့တယ်လို့ ယုံကြည်ရပါတယ်။

အနည်းဆုံးရပ်ကွက် ၂၇ ခုကို အန္တရာယ်အတော်အသင့်များတဲ့နေရာတွေအဖြစ် သတ်မှတ်ပြီး ဈေးနဲ့နီးတဲ့ ရပ်ကွက်တစ်ခုကို အန္တရာယ်တော်တော်များတဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့တာပါ။

အဲဒီရပ်ကွက်တွေကလူတွေဟာ မြို့ထဲကနေထွက်လို့မရပါဘူး။

အန္တရာယ်နည်းတဲ့နေရာတွေကလူတွေကတော့ မြို့ကထွက်နိုင်ပေမဲ့ ပိုးမရှိကြောင်းအတည်ပြုစစ်ဆေးချက်ရဖို့ လိုပါတယ်။

Ref : Coronavirus in Beijing: 27 neighbourhoods not allowed to leave as spike continues

#PeopleMedia


Share this post