• Follow Us on

Home ေဘက်င္းၿမိဳ႕မွာ အစုလိုက္ COVID-19 ကူးစက္မႈေၾကာင့္ အလံုပိတ္ကန္႔သတ္မႈေတြလုပ္ၿပီးေနာက္ပိုင္း လူ အေျမာက္အျမားကို ေရာဂါစစ္ေဆးေန

ေဘက်င္းၿမိဳ႕မွာ အစုလိုက္ COVID-19 ကူးစက္မႈေၾကာင့္ အလံုပိတ္ကန္႔သတ္မႈေတြလုပ္ၿပီးေနာက္ပိုင္း လူ အေျမာက္အျမားကို ေရာဂါစစ္ေဆးေန

Share this post

ေဘက်င္း၊ ဇြန္ ၁၅

COVID-19 ေရာဂါျပန္ေပၚလာသလားစိုးရိမ္မႈေတြ႐ွိေနခ်ိန္မွာ ႏိုင္ငံတ၀န္းခရီးသြားလာမႈအသိေပးခ်က္ေတြ အစ ၿပိဳးေစခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္အစုလိုက္အၿပံဳလိုက္ကူးစက္မႈ႐ွိေနတဲ့ေနာက္ပိုင္း အလံုပိတ္ကန္႔သတ္မႈေတြ လုပ္ ထားတဲ့ေဘက်င္းမွာ လူအေျမာက္အျမားကို ေရာဂါ႐ွိမ႐ွိစစ္ေဆးေနပါတယ္။

အခုႏွစ္အစပိုင္းမွာ အလံုပိတ္ကန္႔သတ္မႈေတြလုပ္ခဲ့ၿပီးေနာက္ပိုင္းမွာ ျပန္ေျဖေလွ်ာ့ခဲ့ေပမဲ့ ဗိုင္းရပ္စ္ျပန္ေတြ႕လို႔ တ႐ုတ္ႏိုင္ငံမွာ အလံုပိတ္ကန္႔သတ္မႈေတြ႐ွိေနတာပါ။ ၿမိဳ႕ေတာ္ေဘက်င္းက လက္ကားအစားအစာေစ်းတစ္ ေစ်းမွာ အစုလိုက္ကူးစက္မႈေတြ႐ွိခဲ့ပါတယ္။

တနဂၤေႏြေန႔မွာ ကူးစက္ခံရသူ ၅၇ ေယာက္႐ွိခဲ့တယ္လို႔ တ႐ုတ္အမ်ိဳးသားက်န္းမာေရးေကာ္မ႐ွင္က အစီရင္ ခံခဲ့ၿပီး ၃၆ ေယာက္ဟာ ႐ွင္ဖာဒီေစ်းနဲ႔ဆက္စပ္ေနတဲ့ေဘက်င္းၿမိဳ႕က ျပည္တြင္းကူးစက္ခံရသူေတြပါ။

ေနာက္ထပ္ျပည္တြင္းကူးစက္ခံရသူ ၂ ေယာက္ကေတာ့ ႐ု႐ွားနဲ႔နယ္စပ္ေလ်ာင္နင္းျပည္နယ္က ၁ ေယာက္နဲ႔ ေဘက်င္းကကူးစက္ခံရသူေတြနဲ႔ထိေတြ႕သူ ၁ ေယာက္တို႔ျဖစ္ပါတယ္။

ေနာက္ထပ္ ၁၉ ေယာက္ကေတာ့ ျပည္ပကျပန္လာတဲ့တ႐ုတ္ႏိုင္ငံသားေတြပါ။

ေဘက်င္းၿမိဳ႕ကို၀င္လာတဲ့သူေတြကို အသြားအလာေစာင့္ၾကည့္ကန္႔သတ္သြားမယ္လို႔ ေဒသအာဏာပိုင္တခ်ိဳ႕ က ေျပာတယ္ဆိုၿပီး အစိုးရမီဒီယာကေဖာ္ျပပါတယ္။

ေဘက်င္းမွာ ၿမိဳ႕ရဲ႕လတ္ဆတ္တဲ့အစားအစာေတြကိုေထာက္ပံ့ေပးတဲ့ေစ်းနဲ႔နီးစပ္တဲ့လူေနဧရိယာ ၁၁ ခုကို အလံုပိတ္ကန္႔သတ္မႈေတြလုပ္လိုက္တာပါ။

အဲဒီေနရာေတြနားမွာ႐ွိတဲ့ေဒသခံ ၄၆၀၀၀ ေယာက္ကို ဗိုင္းရပ္စ္ကူးစက္ခံရမႈ႐ွိမ႐ွိစစ္ေဆးသြားမယ္လို႔ အာ ဏာပိုင္ေတြက တနဂၤေႏြေန႔မွာေျပာၿပီး ႐ွင္ဖာဒီေစ်းမွာအလုပ္လုပ္သူတိုင္းကေတာ့ မျဖစ္မေနစစ္ေဆးခံရမွာပါ။

တနဂၤေႏြေန႔မွာ အဲဒီေနရာေတြကလူ ၁၀၈၈၁ ေယာက္ကို စစ္ေဆးခဲ့ၿပီး ထပ္တိုးအတည္ျပဳလူနာ ၈ ေယာက္႐ွိခဲ့ ပါတယ္။

Ref : COVID-19 Mass testing in Beijing after new cluster triggers lockdowns

#PeopleMedia

(unicode)
ဘေကျင်းမြို့မှာ အစုလိုက် COVID-19 ကူးစက်မှုကြောင့် အလုံပိတ်ကန့်သတ်မှုတွေလုပ်ပြီးနောက်ပိုင်း လူ အမြောက်အမြားကို ရောဂါစစ်ဆေးနေ
………………………………………………………

ဘေကျင်း၊ ဇွန် ၁၅

COVID-19 ရောဂါပြန်ပေါ်လာသလားစိုးရိမ်မှုတွေရှိနေချိန်မှာ နိုင်ငံတဝန်းခရီးသွားလာမှုအသိပေးချက်တွေ အစ ပြိုးစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်အစုလိုက်အပြုံလိုက်ကူးစက်မှုရှိနေတဲ့နောက်ပိုင်း အလုံပိတ်ကန့်သတ်မှုတွေ လုပ် ထားတဲ့ဘေကျင်းမှာ လူအမြောက်အမြားကို ရောဂါရှိမရှိစစ်ဆေးနေပါတယ်။

အခုနှစ်အစပိုင်းမှာ အလုံပိတ်ကန့်သတ်မှုတွေလုပ်ခဲ့ပြီးနောက်ပိုင်းမှာ ပြန်ဖြေလျှော့ခဲ့ပေမဲ့ ဗိုင်းရပ်စ်ပြန်တွေ့လို့ တရုတ်နိုင်ငံမှာ အလုံပိတ်ကန့်သတ်မှုတွေရှိနေတာပါ။ မြို့တော်ဘေကျင်းက လက်ကားအစားအစာဈေးတစ် ဈေးမှာ အစုလိုက်ကူးစက်မှုတွေရှိခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ ကူးစက်ခံရသူ ၅၇ ယောက်ရှိခဲ့တယ်လို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က အစီရင် ခံခဲ့ပြီး ၃၆ ယောက်ဟာ ရှင်ဖာဒီဈေးနဲ့ဆက်စပ်နေတဲ့ဘေကျင်းမြို့က ပြည်တွင်းကူးစက်ခံရသူတွေပါ။

နောက်ထပ်ပြည်တွင်းကူးစက်ခံရသူ ၂ ယောက်ကတော့ ရုရှားနဲ့နယ်စပ်လျောင်နင်းပြည်နယ်က ၁ ယောက်နဲ့ ဘေကျင်းကကူးစက်ခံရသူတွေနဲ့ထိတွေ့သူ ၁ ယောက်တို့ဖြစ်ပါတယ်။

နောက်ထပ် ၁၉ ယောက်ကတော့ ပြည်ပကပြန်လာတဲ့တရုတ်နိုင်ငံသားတွေပါ။

ဘေကျင်းမြို့ကိုဝင်လာတဲ့သူတွေကို အသွားအလာစောင့်ကြည့်ကန့်သတ်သွားမယ်လို့ ဒေသအာဏာပိုင်တချို့ က ပြောတယ်ဆိုပြီး အစိုးရမီဒီယာကဖော်ပြပါတယ်။

ဘေကျင်းမှာ မြို့ရဲ့လတ်ဆတ်တဲ့အစားအစာတွေကိုထောက်ပံ့ပေးတဲ့ဈေးနဲ့နီးစပ်တဲ့လူနေဧရိယာ ၁၁ ခုကို အလုံပိတ်ကန့်သတ်မှုတွေလုပ်လိုက်တာပါ။

အဲဒီနေရာတွေနားမှာရှိတဲ့ဒေသခံ ၄၆၀၀၀ ယောက်ကို ဗိုင်းရပ်စ်ကူးစက်ခံရမှုရှိမရှိစစ်ဆေးသွားမယ်လို့ အာ ဏာပိုင်တွေက တနင်္ဂနွေနေ့မှာပြောပြီး ရှင်ဖာဒီဈေးမှာအလုပ်လုပ်သူတိုင်းကတော့ မဖြစ်မနေစစ်ဆေးခံရမှာပါ။

တနင်္ဂနွေနေ့မှာ အဲဒီနေရာတွေကလူ ၁၀၈၈၁ ယောက်ကို စစ်ဆေးခဲ့ပြီး ထပ်တိုးအတည်ပြုလူနာ ၈ ယောက်ရှိခဲ့ ပါတယ်။

Ref : COVID-19 Mass testing in Beijing after new cluster triggers lockdowns

#PeopleMedia


Share this post