• Follow Us on

Home ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို နိုင်ငံတစ်နိုင်ငံတည်း၊ အဖွဲ့အစည်းတစ်ခုတည်းက ဆောင်ရွက်မည်ဆို ပါက ပန်းတိုင်နှင့် အလှမ်းကွာမည်ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးလုပ်ဆောင်နေကြောင်း လူကယ် ပြန်ဝန်ကြီး ပြောကြား

ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို နိုင်ငံတစ်နိုင်ငံတည်း၊ အဖွဲ့အစည်းတစ်ခုတည်းက ဆောင်ရွက်မည်ဆို ပါက ပန်းတိုင်နှင့် အလှမ်းကွာမည်ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးလုပ်ဆောင်နေကြောင်း လူကယ် ပြန်ဝန်ကြီး ပြောကြား

Share this post

မန္တလေး၊ ဒီဇင်ဘာ ၁၄ (People Media)

 

ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို နိုင်ငံတစ်နိုင်ငံတည်း၊ အဖွဲ့အစည်း တစ်ခုတည်းကဆောင်ရွက်မည်ဆို ပါက ပန်းတိုင်နှင့် အလှမ်းကွာမည်ဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်မှုကို အားပေးလုပ်ဆောင်ပါကြောင်း၊ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက် ခိုင်က ပြောသည်။

 

မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်း အမှတ်စဉ် (၂/၂၀၂၁)ကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည် တော် M-Gallery ဟိုတယ်၌ ဖွင့်လှစ်ရာ ပြည်ထောင်စုဝန်ကြီးက တက်ရောက်အမှာစကားပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးက ယခု မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့သင်တန်းသည်လည်း အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်မှု၏ ရလဒ်တစ်ခုဖြစ်ပါကြောင်း၊ အာဆီယံအဆင့်တွင် အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ် လေ့လာရေးအဖွဲ့ ASEAN-ERAT ရှိသကဲ့သို့ ပြည်တွင်းတွင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ရှိသင့်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre တို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ပံ့မှုပေးခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်း၏ လုပ်ငန်းစဉ်များအနက် မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်းပြီး လေ့ကျင့်သင်တန်းပေးခြင်းသည် အဓိကအကျဆုံးဖြစ်ကြောင်း ပြောကြားသည်။

 

သင်တန်းအတွက် သင်ရိုးညွှန်းတမ်းတွင် ပဋိပက္ခအခြေအနေတွင် ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းနှင့် လူမှုသဟဇာတဖြစ်ရေး ဘာသာရပ် များပါ ထပ်မံထည့်သွင်း ရေးဆွဲခဲ့ပါကြောင်း၊ ၎င်းဘာသာရပ်များသည် ပြည်တွင်းစွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် လိုအပ်သကဲ့သို့ လူမှုဘဝရေရှည် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အတွက် အထောက်အပံ့ဖြစ် မည်ဟု ယူဆပါကြောင်း၊ ထို့အပြင် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရပါက မြန်မာဘေး အန္တရာယ် တုံ့ပြန်ရေးအဖွဲ့မှ ဘေးတုံ့ပြန်ရေးလုပ်ငန်းများ၊ ဆန်းစစ်လေ့လာရေးလုပ်ငန်းများ၊ ညှိနှိုင်းပေါင်းစပ် မှုများဆောင်ရွက် နိုင်စေရန်အတွက် အရေးပါသောအဖွဲ့တစ်ဖွဲ့ ဖြစ်လာစေရန်အထိ မျှော်မှန်းကြောင်း၊ ပြည် ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

#PeopleMedia #လူကယ်ပြန်

 

(unicode)


……………………………………………………………………..

 

မန်တလေး၊ ဒီဇငျဘာ ၁၄ (People Media)

 


 


 


 


 



Share this post