• Follow Us on

Home ေဘ႐ြတ္ၿမိဳ႕တြင္အႀကီးအက်ယ္ေပါက္ကြဲမႈျဖစ္ပြားၿပီး လူ ၇၀ ေက်ာ္ေသဆံုး

ေဘ႐ြတ္ၿမိဳ႕တြင္အႀကီးအက်ယ္ေပါက္ကြဲမႈျဖစ္ပြားၿပီး လူ ၇၀ ေက်ာ္ေသဆံုး

Share this post

ေဘ႐ြတ္၊ ၾသဂုတ္ ၅

လက္ဘႏြန္ႏိုင္ငံၿမိဳ႕ေတာ္ေဘ႐ြတ္တြင္ အဂၤါေန႔က ေပါက္ကြဲမႈအႀကီးအက်ယ္ျဖစ္ပြားၿပီးေနာက္ အနည္းဆံုးလူ ၇၈ ေယာက္ေသဆံုးၿပီး လူ ၄၀၀၀ ေက်ာ္ဒဏ္ရာသည္။

ဆိပ္ကမ္းတစ္ခုမွစတင္သည့္ေပါက္ကြဲမႈေၾကာင့္ တစ္ၿမိဳ႕လံုးတုန္ခါခဲ့သည္။

ဂိုေဒါင္တစ္ခုတြင္ ေပါက္ကြဲလြယ္သည့္အမိုနီယံႏိုက္ထရိတ္တန္ ၂၇၅၀ ခန္႔ကို ၆ ႏွစ္ၾကာမွ် ေဘးကင္းလံုျခံဳမႈမ႐ွိစြာသိုေလွာင္ထားေၾကာင္း သမၼတ မိုက္ကယ္ အာအြန္းကေျပာသည္။

ဗုဒၶဟူးေန႔တြင္ အေရးေပၚအစိုးရအစည္းအေ၀းေခၚယူရန္စီစဥ္ထားၿပီး ၂ ပတ္ၾကား အေရးေပၚအေျခအေနေၾကညာသင့္ေၾကာင္းလည္းေျပာသည္။

ဗုဒၶဟူးေန႔မွစတင္၍ ၃ ရက္ၾကာ ၀မ္းနည္းေၾကာင္းအထိမ္းအမွတ္ေန႔အျဖစ္သတ္မွတ္ထားသည္။

အေရးေပၚရန္ပံုေငြအျဖစ္ လီယာေငြ ၁၀၀ ဘီလီယံ(ေဒၚလာ ၆၆ သန္း) ခ်ေပးသြားမည္ဟုလည္း သမၼတအာအြန္းကေျပာသည္။

အပ်က္အစီးမ်ားၾကားတြင္ ကယ္ဆယ္႐ွာေဖြေရးလုပ္ငန္းမ်ားဆက္လက္ေဆာင္႐ြက္ေနၿပီး ေသဆံုးသူဦးေရျမင့္တက္လာႏိုင္သည္ဟု ခန္႔မွန္းထားသည္။

ေပါက္ကြဲရသည့္အေၾကာင္းရင္းကို စံုစမ္းစစ္ေဆးေနေၾကာင္းလည္း အရာ႐ွိမ်ားက အဂၤါေန႔တြင္ေျပာသည္။

Ref : Beirut blast: Lebanon in mourning after massive explosion

#PeopleMedia

(Unicode)
ဘေရွတ်မြို့တွင်အကြီးအကျယ်ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၇၀ ကျော်သေဆုံး
……………………………………..

ဘေရွတ်၊ သြဂုတ် ၅

လက်ဘနွန်နိုင်ငံမြို့တော်ဘေရွတ်တွင် အင်္ဂါနေ့က ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ပွားပြီးနောက် အနည်းဆုံးလူ ၇၈ ယောက်သေဆုံးပြီး လူ ၄၀၀၀ ကျော်ဒဏ်ရာသည်။

ဆိပ်ကမ်းတစ်ခုမှစတင်သည့်ပေါက်ကွဲမှုကြောင့် တစ်မြို့လုံးတုန်ခါခဲ့သည်။

ဂိုဒေါင်တစ်ခုတွင် ပေါက်ကွဲလွယ်သည့်အမိုနီယံနိုက်ထရိတ်တန် ၂၇၅၀ ခန့်ကို ၆ နှစ်ကြာမျှ ဘေးကင်းလုံခြုံမှုမရှိစွာသိုလှောင်ထားကြောင်း သမ္မတ မိုက်ကယ် အာအွန်းကပြောသည်။

ဗုဒ္ဓဟူးနေ့တွင် အရေးပေါ်အစိုးရအစည်းအဝေးခေါ်ယူရန်စီစဉ်ထားပြီး ၂ ပတ်ကြား အရေးပေါ်အခြေအနေကြေညာသင့်ကြောင်းလည်းပြောသည်။

ဗုဒ္ဓဟူးနေ့မှစတင်၍ ၃ ရက်ကြာ ဝမ်းနည်းကြောင်းအထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်ထားသည်။

အရေးပေါ်ရန်ပုံငွေအဖြစ် လီယာငွေ ၁၀၀ ဘီလီယံ(ဒေါ်လာ ၆၆ သန်း) ချပေးသွားမည်ဟုလည်း သမ္မတအာအွန်းကပြောသည်။

အပျက်အစီးများကြားတွင် ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နေပြီး သေဆုံးသူဦးရေမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

ပေါက်ကွဲရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်းလည်း အရာရှိများက အင်္ဂါနေ့တွင်ပြောသည်။

Ref : Beirut blast: Lebanon in mourning after massive explosion

#PeopleMedia


Share this post