• Follow Us on

Home ေဘ႐ြတ္ၿမိဳ႕ေပါက္ကြဲမႈတြင္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံသား ၂ ေယာ က္ေသဆံုး၊ ေရတပ္အမႈထမ္း ၂၁ ေယာက္ဒဏ္ရာရ

ေဘ႐ြတ္ၿမိဳ႕ေပါက္ကြဲမႈတြင္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံသား ၂ ေယာ က္ေသဆံုး၊ ေရတပ္အမႈထမ္း ၂၁ ေယာက္ဒဏ္ရာရ

Share this post

ဒါကာ၊ ၾသဂုတ္ ၅

အဂၤါေန႔က လက္ဘႏြန္ႏိုင္ငံၿမိဳ႕ေတာ္ေဘ႐ြတ္ၿမိဳ႕မွဆိပ္ကမ္းတြင္ျဖစ္ပြားခဲ့သည့္ အႀကီးအက်ယ္ေပါက္ကြဲမႈ ၂ ခုေၾကာင့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံသားအနည္းဆံုး ၂ ေယာက္ေသဆံုးၿပီး ေရတပ္အမႈထမ္း ၂၁ ေယာက္လည္း ဒဏ္ရာရထားသည္။

“ေပါက္ကြဲလို႔ ဘဂၤလားေဒ့႐ွ္ႏိုင္ငံသား ၂ ေယာက္အသက္ဆံုး႐ွံဳးခဲ့ပါတယ္”ဟု ေဘ႐ြတ္ၿမိဳ႕႐ွိဘဂၤလား ေဒ့႐ွ္သံ႐ံုးမွအလုပ္သမားသံဝန္ထမ္း အဗၺဒူလာ အယ္မာမြန္းက ဗုဒၶဟူးေန႔တြင္ ဒါကာထရီႁဗြန္းသတင္းစာကို အတည္ျပဳသည္။

ေသဆံုးသူေနာက္တစ္ေယာက္႐ွိေသးေၾကာင္းေကာလဟာလမ်ား႐ွိေသာ္လည္း အတည္မျပဳႏိုင္ေသး ေၾကာင္းေျပာသည္။

အဂၤါေန႔ကေပါက္ကြဲမႈမ်ားေၾကာင့္ ဘဂၤလားေဒ့႐ွ္ေရတပ္အမႈထမ္းအနည္းဆံုး ၂၁ ေယာက္ဒဏ္ရာရေၾကာင္း ဗုဒၶဟူးေန႔တြင္ ဘဂၤလားေဒ့႐ွ္တပ္မေတာ္ျပန္ၾကားေရးဌာနက အတည္ျပဳသည္။

ကုလသမဂၢၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈစစ္ဆင္ေရးမ်ားတြင္ပါ၀င္ထမ္းေဆာင္ရန္ ၿပီးခဲ့သည့္လတြင္ ဘဂၤလားေဒ့႐ွ္ႏို င္ငံကထြက္ခြာခဲ့သည့္ BNS Bijoy ေပၚတြင္ ေရေၾကာင္းအထူးတပ္ဖြဲ႔အျဖစ္တာ၀န္ထမ္းေဆာင္ေနၾကသည့္သူ မ်ား ဒဏ္ရာရခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ အတည္ျပဳသည္။

တစ္ေယာက္က စိုးရိမ္ရသည့္အေျခအေနတြင္႐ွိေနၿပီး သူ႔ကို ေဘ႐ြတ္က်န္းမာေရးစင္တာတြင္ ကုသမႈေပးေ နေၾကာင္းလည္းသိရသည္။

Ref : Beirut blast: Two Bangladeshis die, 21 Bangladesh Navy crew injured

#PeopleMedia

(unicode)
ဘေရွတ်မြို့ပေါက်ကွဲမှုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ယော က်သေဆုံး၊ ရေတပ်အမှုထမ်း ၂၁ ယောက်ဒဏ်ရာရ
………………………………………………

ဒါကာ၊ ဩဂုတ် ၅

အင်္ဂါနေ့က လက်ဘနွန်နိုင်ငံမြို့တော်ဘေရွတ်မြို့မှဆိပ်ကမ်းတွင်ဖြစ်ပွားခဲ့သည့် အကြီးအကျယ်ပေါက်ကွဲမှု ၂ ခုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအနည်းဆုံး ၂ ယောက်သေဆုံးပြီး ရေတပ်အမှုထမ်း ၂၁ ယောက်လည်း ဒဏ်ရာရထားသည်။

“ပေါက်ကွဲလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ယောက်အသက်ဆုံးရှုံးခဲ့ပါတယ်”ဟု ဘေရွတ်မြို့ရှိဘင်္ဂလား ဒေ့ရှ်သံရုံးမှအလုပ်သမားသံဝန်ထမ်း အဗ္ဗဒူလာ အယ်မာမွန်းက ဗုဒ္ဓဟူးနေ့တွင် ဒါကာထရီဗြွန်းသတင်းစာကို အတည်ပြုသည်။

သေဆုံးသူနောက်တစ်ယောက်ရှိသေးကြောင်းကောလဟာလများရှိသော်လည်း အတည်မပြုနိုင်သေး ကြောင်းပြောသည်။

အင်္ဂါနေ့ကပေါက်ကွဲမှုများကြောင့် ဘင်္ဂလားဒေ့ရှ်ရေတပ်အမှုထမ်းအနည်းဆုံး ၂၁ ယောက်ဒဏ်ရာရကြောင်း ဗုဒ္ဓဟူးနေ့တွင် ဘင်္ဂလားဒေ့ရှ်တပ်မတော်ပြန်ကြားရေးဌာနက အတည်ပြုသည်။

ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုစစ်ဆင်ရေးများတွင်ပါဝင်ထမ်းဆောင်ရန် ပြီးခဲ့သည့်လတွင် ဘင်္ဂလားဒေ့ရှ်နို င်ငံကထွက်ခွာခဲ့သည့် BNS Bijoy ပေါ်တွင် ရေကြောင်းအထူးတပ်ဖွဲ့အဖြစ်တာဝန်ထမ်းဆောင်နေကြသည့်သူ များ ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် အတည်ပြုသည်။

တစ်ယောက်က စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေပြီး သူ့ကို ဘေရွတ်ကျန်းမာရေးစင်တာတွင် ကုသမှုပေး ေနကြောင်းလည်းသိရသည်။

Ref : Beirut blast: Two Bangladeshis die, 21 Bangladesh Navy crew injured

#PeopleMedia


Share this post