• Follow Us on

Home မောင်တောမှတစ်ဆင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ တင်ပို့မည့် ကျပ်သိန်းပေါင်း ၈ ထောင်ကျော်တန်ဖိုးရှိ ရွှေချောင်း နှင့် ရွှေများ ဖမ်းဆီးရမိ

မောင်တောမှတစ်ဆင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ တင်ပို့မည့် ကျပ်သိန်းပေါင်း ၈ ထောင်ကျော်တန်ဖိုးရှိ ရွှေချောင်း နှင့် ရွှေများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၇ (People Media)

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ တင်ပို့မည့် ကျပ်သိန်းပေါင်း ၈ ထောင်ကျော် တန်ဖိုးရှိ ရွှေချောင်းနှင့် ရွှေများကို စက်တင်ဘာ ၂၆ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းအချိန်တွင် မောင်တောမြို့၊ မြို့မကညင်တန်းရပ်ကွက်နေ ဂျာဟာမောရင်(ခ)မာမတ်ရီကရစ် (၃၂) နှစ်၊ ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်း(ဘင်္ဂါလီ)ကျေးရွာနေ မာ မောက်ဂျူနိုက် (၂၁) နှစ်နှင့် အဏ္ဏဝါဆာဒတ် (၂၀) နှစ်တို့သည် မောင်တော-တောင်ပြိုကားလမ်းတွင် မောင်းနှင် လာစဉ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါနယ်စပ်လုံခြုံရေးအဖွဲ့မှစစ်ဆေးစဉ် ၎င်းတို့မောင်းနှင်လာသည့် ကားထဲတွင် အကယ်ဒမီတံဆိပ်ပါ ၁၀ ကျပ်သားအခေါက်ရွှေ ၃၉ ချောင်း၊ ရွှေထည်လက်ဝတ်ရတနာမျိုးစုံ ၂၈ ကျပ်သား၊ စုစုပေါင်း ရွှေ ၄ ပိဿာ ၁၈ ကျပ်သား (ကာလတန်ဖိုး ၈၁၉၂၈၀၀၀၀) အား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 

ဆက်လက်ပြီး စစ်ဆေးမေးမြန်းရာ အဆိုပါရွှေတုံးများကို တစ်ဖက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ တင်ပို့ရန်လာစဉ် ယခု ကဲ့သို့ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့ကို ထောင်ဒဏ် ၃ နှစ်နှင့်အတူ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည့် ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူထားကြောင်း သိရသည်။

 

အလားတူ သြဂုတ်လပိုင်းတွင် မောင်တောမြို့ (၃) မိုင်စစ်ဆေးရေးဂိတ်တွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ တင်ပို့မည့် ကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ရွှေချောင်းများနှင့် ကျပ်သိန်း ၂၀၀၀ ကျော်တို့ကို ဖမ်းဆီးရမိခဲ့သည်။

 

Photo – credit

 

#PeopleMedia #မောင်တော #ဘင်္ဂလားဒေ့ရှ် #ရွှေချောင်းများ

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 

Photo – credit

 



Share this post