• Follow Us on

Home ေမာင္ေတာအမတ္ေလာင္း၏ ဖခင္သည္ နိုင္ငံျခားသာဟုဆိုကာ ကိုယ္စားလွယ္ေလာင္းစာရင္းမွ ပယ္ဖ်က္ မႈအေပၚ DHRP ပါတီမွ UEC ကို တရားစြဲမည္၊ တရားစြဲ၍ မရလွ်င္ နိုင္ငံတကာသို႔ တင္ျပမည္

ေမာင္ေတာအမတ္ေလာင္း၏ ဖခင္သည္ နိုင္ငံျခားသာဟုဆိုကာ ကိုယ္စားလွယ္ေလာင္းစာရင္းမွ ပယ္ဖ်က္ မႈအေပၚ DHRP ပါတီမွ UEC ကို တရားစြဲမည္၊ တရားစြဲ၍ မရလွ်င္ နိုင္ငံတကာသို႔ တင္ျပမည္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၆

ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးပါတီ၏ ေမာင္ေတာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ေလာင္း ဦးေအးဝင္းဖခင္မွာ နိုင္ငံျခားသားျဖစ္၍ ကိုယ္စားလွယ္ေလာင္း အတည္ျပဳၿပီး စာရင္းမွ ျပန္လည္ပယ္ဖ်က္လိုက္မႈအေပၚ UEC ကို တရာစြဲဆိုသြားမည္ျဖစ္ၿပီး တရားစြဲ၍ မရလွ်င္ နိုင္ငံတကာထိ တင္ျပမည္ဟု ကိုယ္စားလွယ္ေလာင္းစာရင္းမွ ပယ္ဖ်က္ခံရသူ ဦးေအး၀င္းက ေျပာသည္။

အဆိုပါကိုယ္စားလွယ္ေလာင္းမွာ ၾသဂုတ္လ (၁၆)ရက္ေန႔တြင္ ေမာင္ေတာၿမိဳ႕နယ္ေကာ္မရွင္ခြဲမွ ကိုယ္စားလွယ္ေလာင္းအျဖစ္ အတည္ျပဳထားၿပီးျဖစ္ေသာ္လည္း ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၁)ရက္ေန႔တြင္ ဖခင္မွာနိုင္ငံျခားသားျဖစ္၍ ကိုယ္စားလွယ္ေလာင္းစာရင္း ပယ္ဖ်က္လိုက္ေၾကာင္း ဦးေအး၀င္းထံအေၾကာင္း ၾကားစာ ေပးပို႔ခဲ့ျခင္းႏွင့္ပတ္သက္၍ ဦးေအး၀င္းက အထက္ပါအတိုင္း တုန႔္ျပန္ေျပာဆိုလိုက္ျခင္းျဖစ္သည္။

“လႊတ္ေတာ္ကိုယ္စားလွယ္ေပးတာ မေပးတာအေၾကာင္းမဟုတ္ဘူး၊ အေၾကာင္းက ကၽြန္ေတာ္ အေဖကို နိုင္ငံသား မဟုတ္ဘူးေျပာလို႔ ကၽြန္ေတာ္အေဖက ေမာင္ေတာမွာ စခန္းမွဴးလုပ္လာတာ နိုင္ငံေတာ္က ေပးတဲ့ ဆုတံဆိပ္လည္း အမ်ားႀကီးရထားတယ္၊ ပင္စင္ယူၿပီးေတာ့လည္း ၿမိဳ႕နယ္တရားလူႀကီးအေနနဲ႔ ရွစ္ႏွစ္ လုပ္လာတာ၊ အဲ့လိုပုဂၢိလ္ကို နိုင္ငံသားမဟုတ္ဘူးေျပာလို႔ တရားစြဲမွာပါ”ဟု ဦးေအး၀င္းကေျပာသည္။

ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးပါတီမွ ေမာင္ေတာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေအး၀င္း၏ ဖခင္ျဖစ္သူမွာ သုံးေခါက္ခ်ိဳးကတ္သည္နိုင္ငံသားကတ္မဟုတ္၍ ပုဒ္မ ၁ဝ(င)၊ ၈(ခ) အရ ကိုယ္စားလွယ္ေလာင္း ပယ္ဖ်က္လိုက္ျခင္းကို အေၾကာင္းၾကားခဲ့ျဖစ္ေၾကာင္း သို႔ျဖစ္၍ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးပါတီမွ UEC တရားဆြဲဆိုသြားမည္ ျဖစ္သည္။

“သုံးေခါက္ခ်ိဳးက နိုင္ငံသားမဟုတ္ဘူးလို႔ ဘယ္ဥပေဒမွာမွ မရွိဘူး၊ သူတို႔ ပါးစပ္နဲ႔ ေျပာေနတာ၊ ၁၉၉၀ မတိုင္ခင္မွာ သုံးေခါက္ခ်ိဳးပဲ ေပးတာေလ၊ ၁၉၉၀ ေနာက္ပိုင္းမွ နိုင္ကတ္ေပးတာေလ အဲ့ဒီအခ်ိန္မွာ ကၽြန္ေတာ္တို႔ နိုင္ကတ္ယူလိုက္ၿပီေလ၊ အဲ့ဒါကို နိုင္ငံသားမဟုတ္ဘူးလို႔ ဘယ္လိုေျပာမလဲ၊ ဒါေၾကာင့္ ေကာ္မရွင္ကို တရားဆြဲဆိုသြားမယ္ ဒီမွာမရရင္လည္း နိုင္ငံတကာထိ တင္ဖို႔လုပ္ေနတယ္” ဟု ဦးေအး၀င္းက ဆိုသည္။

အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ေမာင္ေတာၿမိဳ႕နယ္ ေကာ္မရွင္ခြဲဥကၠ႒ကို People Media မွ အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေသာ္လည္း ျပန္လည္ေျဖၾကားျခင္းမရွိေပ။

#PeopleMedia #ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးပါတီ

(Unicode)
မောင်တောအမတ်လောင်း၏ ဖခင်သည် နိုင်ငံခြားသာဟုဆိုကာ ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက် မှုအပေါ် DHRP ပါတီမှ UEC ကို တရားစွဲမည်၊ တရားစွဲ၍ မရလျှင် နိုင်ငံတကာသို့ တင်ပြမည်
……………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၆

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ၏ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်လောင်း ဦးအေးဝင်းဖခင်မှာ နိုင်ငံခြားသားဖြစ်၍ ကိုယ်စားလှယ်လောင်း အတည်ပြုပြီး စာရင်းမှ ပြန်လည်ပယ်ဖျက်လိုက်မှုအပေါ် UEC ကို တရာစွဲဆိုသွားမည်ဖြစ်ပြီး တရားစွဲ၍ မရလျှင် နိုင်ငံတကာထိ တင်ပြမည်ဟု ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခံရသူ ဦးအေးဝင်းက ပြောသည်။

အဆိုပါကိုယ်စားလှယ်လောင်းမှာ သြဂုတ်လ (၁၆)ရက်နေ့တွင် မောင်တောမြို့နယ်ကော်မရှင်ခွဲမှ ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုထားပြီးဖြစ်သော်လည်း ပြီးခဲ့သည့် အောက်တိုဘာလ(၁)ရက်နေ့တွင် ဖခင်မှာနိုင်ငံခြားသားဖြစ်၍ ကိုယ်စားလှယ်လောင်းစာရင်း ပယ်ဖျက်လိုက်ကြောင်း ဦးအေးဝင်းထံအကြောင်း ကြားစာ ပေးပို့ခဲ့ခြင်းနှင့်ပတ်သက်၍ ဦးအေးဝင်းက အထက်ပါအတိုင်း တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“လွှတ်တော်ကိုယ်စားလှယ်ပေးတာ မပေးတာအကြောင်းမဟုတ်ဘူး၊ အကြောင်းက ကျွန်တော် အဖေကို နိုင်ငံသား မဟုတ်ဘူးပြောလို့ ကျွန်တော်အဖေက မောင်တောမှာ စခန်းမှူးလုပ်လာတာ နိုင်ငံတော်က ပေးတဲ့ ဆုတံဆိပ်လည်း အများကြီးရထားတယ်၊ ပင်စင်ယူပြီးတော့လည်း မြို့နယ်တရားလူကြီးအနေနဲ့ ရှစ်နှစ် လုပ်လာတာ၊ အဲ့လိုပုဂ္ဂိလ်ကို နိုင်ငံသားမဟုတ်ဘူးပြောလို့ တရားစွဲမှာပါ”ဟု ဦးအေးဝင်းကပြောသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးဝင်း၏ ဖခင်ဖြစ်သူမှာ သုံးခေါက်ချိုးကတ်သည်နိုင်ငံသားကတ်မဟုတ်၍ ပုဒ်မ ၁ဝ(င)၊ ၈(ခ) အရ ကိုယ်စားလှယ်လောင်း ပယ်ဖျက်လိုက်ခြင်းကို အကြောင်းကြားခဲ့ဖြစ်ကြောင်း သို့ဖြစ်၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ UEC တရားဆွဲဆိုသွားမည် ဖြစ်သည်။

“သုံးခေါက်ချိုးက နိုင်ငံသားမဟုတ်ဘူးလို့ ဘယ်ဥပဒေမှာမှ မရှိဘူး၊ သူတို့ ပါးစပ်နဲ့ ပြောနေတာ၊ ၁၉၉၀ မတိုင်ခင်မှာ သုံးခေါက်ချိုးပဲ ပေးတာလေ၊ ၁၉၉၀ နောက်ပိုင်းမှ နိုင်ကတ်ပေးတာလေ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ နိုင်ကတ်ယူလိုက်ပြီလေ၊ အဲ့ဒါကို နိုင်ငံသားမဟုတ်ဘူးလို့ ဘယ်လိုပြောမလဲ၊ ဒါကြောင့် ကော်မရှင်ကို တရားဆွဲဆိုသွားမယ် ဒီမှာမရရင်လည်း နိုင်ငံတကာထိ တင်ဖို့လုပ်နေတယ်” ဟု ဦးအေးဝင်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မောင်တောမြို့နယ် ကော်မရှင်ခွဲဥက္ကဋ္ဌကို People Media မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

#PeopleMedia #ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ


Share this post