• Follow Us on

Home မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် ဆင်ပေါက်တစ်ကောင် သေဆုံးနေ

မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် ဆင်ပေါက်တစ်ကောင် သေဆုံးနေ

Share this post

မောင်တော၊ မတ် ၁

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နံသာတောင်ရွာနှင့် သာယာကုန်းကျေးရွာကြား၌ ယမန်နေ့ ညနေပိုင်းက ဆင်ပေါက် ၁ ကောင်သေဆုံးနေကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နံသာတောင်ရွာနှင့် သာယာကုန်း ကျေးရွာကြား ရွာချင်းဆက် ကွန်ကရစ်တံတားအနီး လယ်ကွင်းပြင် တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိရဘဲ အလျား ၂ ပေ၊ အမြင့် ၁ ပေခွဲရှိ သေဆုံးနေသော ဆင်ထီးက လေး အားတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

ဆင်ပေါက်ကလေး သေဆုံးနေသည့်နေရာသို့ ယမန်နေ့ မွန်းလဲ ၁ နာရီခန့်၌ အကောင် ၂၀ ခန့်ရှိ တောဆင်ရိုင်း တစ်အုပ်ရောက်ရှိလာကာ ဆင်ကလေးမွေးဖွားခဲ့ခြင်းဖြစ်နိုင်ပြီး၊ အဆိုပါ ဆင်ပေါက်လေးကို ခေါင်းဆောင်ဆင် ကြီးမှ သတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။

 

သေဆုံးနေသည့် ဆင်ပေါက်ကလေးအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများမှ မြေမြုပ်သဂြိုဟ်ပေးခဲ့ ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post