• Follow Us on

Home ေမာင္ေတာၿမိဳ႕နယ္ ဘဂၤလီတစ္ဦးထံမွ က်ပ္သိန္း(၁၃ဝဝ)ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားဖမ္းမိ

ေမာင္ေတာၿမိဳ႕နယ္ ဘဂၤလီတစ္ဦးထံမွ က်ပ္သိန္း(၁၃ဝဝ)ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားဖမ္းမိ

Share this post

ရန္ကုန္၊ မတ္ – ၂၃

ေမာင္ေတာၿမိဳ႕နယ္ဘဂၤလီတစ္ဦးထံမွ က်ပ္သိန္း(၁၃ဝဝ)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားဖမ္းမိခဲ့ပါတယ္။

ျဖစ္စဥ္မွာ ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕၌ လုံၿခဳံေရးေဆာင္႐ြက္ေနေသာ ပူးေပါင္းတပ္ဖြဲ႕ဝင္မ်ားသည္ မတ္ ၂၁ ရက္ နံနက္ ၁ဝ နာရီ ၄၅ မိနစ္ခန႔္တြင္ သီဟိုဠ္ပူးေပါင္းစစ္ေဆးေရးဂိတ္၌ ယာဥ္ဝင္/ ထြက္မႈမ်ားအား စစ္ေဆး ေဆာင္႐ြက္စဥ္ ေမာင္ေတာၿမိဳ႕မွ က်ီးကန္းျပင္ ေက်း႐ြာဘက္သို႔ ဂ်ာဆီအာေလာင္(ဘ)မာမတ္အာရစ္ ေမာင္း ႏွင္ၿပီး ဟာမတ္ဟူဆိမ္(ဘ)အူကာလတ္ စီးနင္းလိုက္ပါလာသည့္ PROBOX အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ အမွတ္၊ 9N/–— ယာဥ္အား ရပ္တန႔္စစ္ေဆးခဲ့ပါတယ္။

ထုိသုိ႔ စစ္ေဆးရာတြင္ ေမာ္ေတာ္ယာဥ္ေပၚမွ WY စာတန္းပါ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၆၈၂၅ဝ ျပား (ခန႔္မွန္းတန္ ဖိုးေငြက်ပ္ သိန္း ၁၃ဝဝ ေက်ာ္)ႏွင့္အတူ ဖမ္းဆီးရမိခဲ့ပါတယ္။

အဆိုပါမူးယစ္ေဆးဝါးမ်ား၊ ေမာ္ေတာ္ယာဥ္ႏွင့္အတူ ဖမ္းဆီးရမိသူမ်ားအား ေမာင္ေတာၿမိဳ႕မရဲစခန္း၌ လုပ္ထုံး လုပ္နည္းႏွင့္အညီ အမႈဖြင့္အေရးယူေဆာင္ရြက္လ်က္ရွိပါတယ္။

#PeopleMedia #ေမာင္ေတာ

(Unicode)
မောင်တောမြို့နယ် ဘင်္ဂလီတစ်ဦးထံမှ ကျပ်သိန်း(၁၃ဝဝ)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ
…………………………………………………………

ရန်ကုန်၊ မတ် – ၂၃

မောင်တောမြို့နယ်ဘင်္ဂလီတစ်ဦးထံမှ ကျပ်သိန်း(၁၃ဝဝ)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိခဲ့ပါတယ်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းတပ်ဖွဲ့ဝင်များသည် မတ် ၂၁ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် သီဟိုဠ်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်ဝင်/ ထွက်မှုများအား စစ်ဆေး ဆောင်ရွက်စဉ် မောင်တောမြို့မှ ကျီးကန်းပြင် ကျေးရွာဘက်သို့ ဂျာဆီအာလောင်(ဘ)မာမတ်အာရစ် မောင်း နှင်ပြီး ဟာမတ်ဟူဆိမ်(ဘ)အူကာလတ် စီးနင်းလိုက်ပါလာသည့် PROBOX အမျိုးအစား မော်တော်ယာဉ် အမှတ်၊ 9N/–— ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ပါတယ်။

ထိုသို့ စစ်ဆေးရာတွင် မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၈၂၅ဝ ပြား (ခန့်မှန်းတန် ဖိုးငွေကျပ် သိန်း ၁၃ဝဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါမူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိသူများအား မောင်တောမြို့မရဲစခန်း၌ လုပ်ထုံး လုပ်နည်းနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါတယ်။

#PeopleMedia #မောင်တော


Share this post