• Follow Us on

Home ေမာင္ေတာၿမိဳ႕နယ္ သရက္အုပ္ရဲကင္းစခန္းမွ ေပ်ာက္ဆုံးရဲတပ္ဖြဲ႕၀င္ႏွစ္ဦးအနက္ တစ္ဦး၏ အေလာင္းအားေတြ႕ရွိရာ လိင္အဂၤါပါျဖတ္ေတာက္ခံထားရ

ေမာင္ေတာၿမိဳ႕နယ္ သရက္အုပ္ရဲကင္းစခန္းမွ ေပ်ာက္ဆုံးရဲတပ္ဖြဲ႕၀င္ႏွစ္ဦးအနက္ တစ္ဦး၏ အေလာင္းအားေတြ႕ရွိရာ လိင္အဂၤါပါျဖတ္ေတာက္ခံထားရ

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၈

 

ေမာင္ေတာၿမိဳ႕နယ္၊ သရက္အုပ္ရဲကင္းစခန္းမွ ေပ်ာက္ဆုံးရဲတပ္ဖြဲ႕၀င္ႏွစ္ဦးအနက္ တစ္ဦး၏ အေလာင္းအားေတြ႕ရွိရာ လိင္အဂၤါပါျဖတ္ေတာက္ခံထားရသည့္ ဒဏ္ရာမ်ားျဖင့္ ေသဆုံးလ်က္ ရွိေတြ႕ရွိခဲ့ေၾကာင္း တပ္မေတာ္မွထုတ္ျပန္ထားသည္။

 

အဆိုပါ ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ သရက္အုပ္ရဲကင္းစခန္းတြင္ လုံၿခဳံေရး တာဝန္ထမ္းေဆာင္လ်က္ရွိသည့္ ရဲတပ္သား ေဇယ်ာမ်ိဳးႏွင့္ ရဲတပ္သား ျမင့္သိန္းတို႔ႏွစ္ဦးမွာ စက္တင္ဘာ ၅ ရက္ ညေနပိုင္းတြင္ ၎တို႔၏လစာေငြမ်ားအား မိသားစုထံသို႔ ေပးပို႔ရန္အတြက္ ၎တို႔ကိုင္ေဆာင္သည့္ လက္နက္၊ ခဲယမ္းမ်ားႏွင့္အတူ ရြက္ညိဳေတာင္ေက်းရြာသို႔ သြားေရာက္စဉ္လမ္းခရီး၌ ေပ်ာက္ဆုံးခဲ့ျခင္းျဖစ္သည္။

 

ဆက္လက္ၿပီး ေပ်ာက္ဆုံးရဲတပ္သားႏွစ္ဦးအား ရွာေဖြရာ စက္တင္ဘာ ၇ ရက္ နံနက္ပိုင္းတြင္ ရြက္ညိဳေတာင္ေက်းရြာအနီး ပုစြန္ကန္ေဟာင္းေနရာ ရြံ႕ႏြံအတြင္းမွ ရဲတပ္သား ေဇယ်ာမ်ိဳးအား မ်က္လုံးႏွစ္လုံးေဖာက္ထုတ္၊ ယာနားေနာက္ ျပတ္ရွဒဏ္ရာ၊ လည္ပင္း ၅ လက္မခန္႔ ျပတ္ရွဒဏ္ရာ၊ ဝဲလက္သန္း ၁ လက္မခန္႔ ျပတ္ဒဏ္ရာ၊ ယာလက္မျပတ္ရွဒဏ္ရာ၊ လိင္အဂၤါအားျဖတ္ခံ ထားရသည့္ဒဏ္ရာ၊ ယာဖေနာင့္မွ ေျခဖဝါးထိ ၄ လက္မခန္႔ျပတ္ဒဏ္ရာမ်ားျဖင့္ သတ္ျဖတ္ခံထား ရသည့္ပုံစံျဖင့္ ေမွာက္လ်က္ေသဆုံးေနသည္ကိုေတြ႕ရွိခဲ့သည္။

 

ထို႔ေနာက္ ရဲတပ္သားအားရက္စက္စြာသတ္ျဖတ္ခဲ့သည့္ တရားခံအား ရွာေဖြေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရး ႏွင့္ က်န္ရဲတပ္ဖြဲ႕ဝင္တစ္ဦးအား ရွာေဖြေတြ႕ရွိေရး တပ္မေတာ္သားမ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား မွ ရွာေဖြမႈမ်ားေဆာင္ရြက္လ်က္ရွိေၾကာင္း၊ စုံစမ္းခ်က္အရ AA ႏွင့္ ARSA အၾကမ္းဖက္ လက္နက္ကိုင္ အုပ္စုမွ အလစ္အငိုက္ေခ်ာင္းေျမာင္းသတ္ျဖတ္ျခင္းျဖစ္ေၾကာင္း တပ္မေတာ္မွ ထုတ္ျပန္ထားသည္။

 

#PeopleMedia #ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ #ျပည္ထဲေရး

 

(unicode)

မောင်တောမြို့နယ် သရက်အုပ်ရဲကင်းစခန်းမှ ပျောက်ဆုံးရဲတပ်ဖွဲ့ဝင်နှစ်ဦးအနက် တစ်ဦး၏ အလောင်းအားတွေ့ရှိရာ လိင်အင်္ဂါပါဖြတ်တောက်ခံထားရ

…………………………………………………………………………

 

ရန်ကုန်၊ စက်တင်ဘာ – ၈

 

မောင်တောမြို့နယ်၊ သရက်အုပ်ရဲကင်းစခန်းမှ ပျောက်ဆုံးရဲတပ်ဖွဲ့ဝင်နှစ်ဦးအနက် တစ်ဦး၏ အလောင်းအားတွေ့ရှိရာ လိင်အင်္ဂါပါဖြတ်တောက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးလျက် ရှိတွေ့ရှိခဲ့ကြောင်း တပ်မတော်မှထုတ်ပြန်ထားသည်။

 

အဆိုပါ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သရက်အုပ်ရဲကင်းစခန်းတွင် လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်သား ဇေယျာမျိုးနှင့် ရဲတပ်သား မြင့်သိန်းတို့နှစ်ဦးမှာ စက်တင်ဘာ ၅ ရက် ညနေပိုင်းတွင် ၎င်းတို့၏လစာငွေများအား မိသားစုထံသို့ ပေးပို့ရန်အတွက် ၎င်းတို့ကိုင်ဆောင်သည့် လက်နက်၊ ခဲယမ်းများနှင့်အတူ ရွက်ညိုတောင်ကျေးရွာသို့ သွားရောက်စဉ်လမ်းခရီး၌ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်ပြီး ပျောက်ဆုံးရဲတပ်သားနှစ်ဦးအား ရှာဖွေရာ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ရွက်ညိုတောင်ကျေးရွာအနီး ပုစွန်ကန်ဟောင်းနေရာ ရွံ့နွံအတွင်းမှ ရဲတပ်သား ဇေယျာမျိုးအား မျက်လုံးနှစ်လုံးဖောက်ထုတ်၊ ယာနားနောက် ပြတ်ရှဒဏ်ရာ၊ လည်ပင်း ၅ လက်မခန့် ပြတ်ရှဒဏ်ရာ၊ ဝဲလက်သန်း ၁ လက်မခန့် ပြတ်ဒဏ်ရာ၊ ယာလက်မပြတ်ရှဒဏ်ရာ၊ လိင်အင်္ဂါအားဖြတ်ခံ ထားရသည့်ဒဏ်ရာ၊ ယာဖနောင့်မှ ခြေဖဝါးထိ ၄ လက်မခန့်ပြတ်ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထား ရသည့်ပုံစံဖြင့် မှောက်လျက်သေဆုံးနေသည်ကိုတွေ့ရှိခဲ့သည်။

 

ထို့နောက် ရဲတပ်သားအားရက်စက်စွာသတ်ဖြတ်ခဲ့သည့် တရားခံအား ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရေး နှင့် ကျန်ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ရှာဖွေတွေ့ရှိရေး တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ မှ ရှာဖွေမှုများဆောင်ရွက်လျက်ရှိကြောင်း၊ စုံစမ်းချက်အရ AA နှင့် ARSA အကြမ်းဖက် လက်နက်ကိုင် အုပ်စုမှ အလစ်အငိုက်ချောင်းမြောင်းသတ်ဖြတ်ခြင်းဖြစ်ကြောင်း တပ်မတော်မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #ရခိုင်ပြည်နယ်အစိုးရအဖွဲ့ #ပြည်ထဲရေး


Share this post