• Follow Us on

Home မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ်သိန်းနှစ်ထောင်နှင့် တရားမဝင်ရွှေတုံး ၄ ပိဿာ နီးပါး ဖမ်းဆီးရမိ

မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ်သိန်းနှစ်ထောင်နှင့် တရားမဝင်ရွှေတုံး ၄ ပိဿာ နီးပါး ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၇ (People Media)

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ်သိန်းနှစ်ထောင်နှင့် တရားမဝင် ရွှေတုံး ၄ ပိဿာ နီးပါး ဖမ်းဆီးရမိခဲ့ပါတယ်။

 

တာဝန်ရှိသူများသည် မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်တွင် သြဂုတ် ၁၅ ရက် ညနေပိုင်းအချိန်၌ အမျိုးသားတစ်ဦး ထံမှ ငွေကျပ်သိန်းနှစ်ထောင်နှင့်အတူ တရားမဝင်ရွှေတုံး ၄ ပိဿာနီးပါး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။

 

ဖြစ်စဉ်မှာ စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်ပူးပေါင်းအဖွဲ့သည် (၃) မိုင်လမ်းဆုံဘက် မှ မောင်တောမြို့အတွင်း မောင်းနှင်လာသည့် သာစည်ကျေးရွာနေထိုင်သူ ဦးထွန်းစံ၏ အဖြူရောင်သုံးဘီးမော် တော်ယာဉ်ကို စစ်ဆေးခဲ့ရာမှ ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါ အိတ်အတွင်းသို့စစ်ဆေးရာ တစ်သောင်းတန် သိန်းတစ်ရာစီပါသည့် ပါကင်ထုပ် ၁၅ ထုပ် (ကျပ်သိန်း ၁၅၀၀)နှင့် တစ်သောင်းတန် ကျပ်သိန်း(၅၀၀)၊ စုစုပေါင်းငွေ သိန်း ၂၀၀၀ ကျပ်နှင့် အကယ်ဒမီ အခေါက်ရွှေ အလေးချိန် ၁၀ ကျပ်သားစီပါ ရွှေတုံး ၃၉ တုံး (ရွှေတုံးတစ်တုံးတွင် ဘောင်ချာပါရှိပြီး) အလေးချိန် ၃ ပိဿာ ၉၀ ကျပ်သား (တစ်ကျပ်သားလျှင် ၁၅၈၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းရွှေတန်ဖိုး ၆၁၆၂၀၀၀၀၀) ကျပ်ခန့်အား သိမ်း ဆည်းရမိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

 

ယာဉ်မောင်း ဦးထွန်းစံအား စစ်ဆေးတွေ့ရှိခဲ့သည့်ပစ္စည်းများနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းရာ ပိုင်ရှင်မှာ မောင်တောမြို့၊ မြို့မမြောက်ရပ်ကွက်နေ အာရက္ခဗျာလကုမ္ပဏီမှ မန်နေဂျာဦးထွန်းသာစိန်ပိုင်ဆိုင်သည့် ပစ္စည်း များဖြစ်ပြီး ရွှေတုံးများကို အထောက်အထားတစ်စုံတရာမပါရှိဘဲ နယ်စပ်မြို့မှတစ်ဆင့် မောင်တောကိုသယ်လာ ခြင်းဖြစ်ပြီး တစ်ဖက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို တရားမဝင်ပို့ဆောင်ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရ သည်။

 

အလားတူ မောင်တောမြို့မရဲစခန်းမှ ဦးထွန်းသာစိန်နှင့် ပေးပို့သူ ဦးမောင်ဖြူတို့နှစ်ဦးအား ပို့ကုန်/သွင်းကုန် ဥပဒေ (ပ)၃၁/၂၀၂၁၊ ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။

 

Photo – Credit

 

#PeopleMedia #မောင်တော #တရားမဝင်ကုန်သွယ်မှု

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 

Photo – Credit

 



Share this post