• Follow Us on

Home မောင်တောမြို့၌ ဆီဘောက်ဆာဖြင့် သယ်လာသည့် ကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ WY နှင့် ICE များ ဖမ်းဆီးရမိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် ယာဉ်မောင်းကို ဖမ်းမမိဘဲ ယာဉ်ပေါ်လိုက်ပါလာသည့် ယာဉ်မောင်း၏ အမျိုးသမီးဖြစ်သူသာ ဖမ်းဆီးနိုင်ခဲ့

မောင်တောမြို့၌ ဆီဘောက်ဆာဖြင့် သယ်လာသည့် ကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ WY နှင့် ICE များ ဖမ်းဆီးရမိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် ယာဉ်မောင်းကို ဖမ်းမမိဘဲ ယာဉ်ပေါ်လိုက်ပါလာသည့် ယာဉ်မောင်း၏ အမျိုးသမီးဖြစ်သူသာ ဖမ်းဆီးနိုင်ခဲ့

Share this post

နေပြည်တော်၊ သြဂုတ် ၂၈ (People Media)

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကျီးကန်းပြင်စစ်ဆေးဂိတ်မှာ သြဂုတ်လ ၂၇ ရက်နေ့က ဂါလံ (၂၈ဝဝ) ဆန့် ဆီဘောက်ဆာယာဉ်နဲ့ သယ်ဆောင်လာတဲ့ ငွေကျပ် ၁၀ ဘီလီယံကျော် တန်ဖိုးရှိ WY စိတ်ကြွရူးသွပ်ဆေး ပြားများနဲ့ ICE မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့တယ်လို့ ယင်းမြို့နယ် ရဲတပ်ဖွဲ့မှ သိရပါတယ်။

 

ဖြစ်စဉ်မှာ ကျီးကန်းပြင်စစ်ဆေးဂိတ်မှာ မသင်္ကာဆီးဘောင်ဆာယာဉ်ကို စစ်ဆေးဖို့ တာဆီးခဲ့ရာ ယာဉ်ပေါ်ရှိ ယာဉ်မောင်းမှာ ၎င်းရဲ့ ဇနီးဖြစ်သူကို ထားခဲ့ကာ ထွက်ပြေးသွားကြောင်း သိရပါတယ်။

 

ဒါကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေမှ ယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ရာ ပီနှံအိတ်များနဲ့ ထုတ်ပိုးထားတဲ့ WY ဆေး ပြားစုစုပေါင်း (၅၁၇၇၂၅၀) ပြားများတွေနဲ့ ICE ၀ ဒသမ ၈ ကီလိုဂရမ် စုစုပေါင်းကာလတန်ဖိုး ငွေကျပ် (၁၀၃၇၀၅၀၀၀၀၀) တန်ဖိုးရှိ မူးယစ်ဆေးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

 

ထွက်ပြေးလွှတ်မြောက်သွားတဲ့ တရားခံ အမျိုးသား ဖမ်းဆီးရမိရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ပြီး၊ ဖမ်းဆီးရမိထားတဲ့ တရားခံအမျိုးသမီးကိုလည်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကျီးကန်းပြင်စစ်ဆေးဂိတ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က လည်း ကားတစ်စီးကို စစ်ဆေးခဲ့ရာ ကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီရမိခဲ့တယ်လို့ သိရပါတယ်။

 

#PeopleMedia #မောင်တောမြို့

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 



Share this post