• Follow Us on

Home မောင်တောမြို့၌ ထွေအုပ်ဝန်ထမ်းတစ်ဦး ဓါးဖြင့် လုပ်ကြံခံရ၍ သေဆုံး

မောင်တောမြို့၌ ထွေအုပ်ဝန်ထမ်းတစ်ဦး ဓါးဖြင့် လုပ်ကြံခံရ၍ သေဆုံး

Share this post

မောင်တော၊ ဒီဇင်ဘာ ၂၃ (People Media)

 

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၌  ဒီဇင်ဘာလ ၂၂ ရက်နေ့က မြို့နယ်ထွေအုပ်ဝန်ထမ်းတစ်ဦး သည် လည်ပင်းပြတ်ရှု ဓါးဒဏ်ရာဖြင့် သေဆုံးခဲ့ပါတယ်။

 

အဆိုပါ ထွေအုပ်ရုံးစာရေးသည် ယမန်နေ့ ညပိုင်းမှ စတင်၍ မိသားစုဖြင့် အဆက်အသွယ် ပျက်တောက်သွား ခြင်းဖြစ်ပြီး ယနေနံနက်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးလျက်အနေအထားကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါ တယ်။

 

“ညထဲကနေပြီးတော့ ပျောက်လို့ သူ့မိသားစုတွေက လိုက်ရှာတာ မတွေ့ဘူး၊ ဒီနေ့မနက် သူနေတဲ့ ရပ်ကွက်ရဲ့ နည်းနည်း ခပ်လှမ်းလှမ်းလောက်မှာ တွေ့တာ လည်ပင်းနဲ့ ခန္ဓာကိုယ်မှာ ဓားဒဏ်ရာတချို့တော့ တွေ့ရပါ တယ်” ဟု ဒေသခံတစ်ဦးကပြောပါတယ်။

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သူ ကိုထွန်းထွန်းနိုင်ပြီး လုပ်သက်သက်တမ်း ကြာမြင့်သော ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရပါတယ်။

 

Photo – CJ

 

#PeopleMedia #မောင်တော #ပြည်ထဲရေး

 

(unicode)


………………………………………………………..

 


 


 


 


 


 

Photo – CJ

 



Share this post