• Follow Us on

Home မောင်တောမြို့နှင့် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ (၅၀) မှ မိသားစု (၆၅၀၀) ကို ဟင်းသီးဟင်းရွက်မျိုးစေ့ (၉) မျိုး ထောက်ပံ့ပေးခဲ့ကြောင်း ICRC ထုတ်ပြန်

မောင်တောမြို့နှင့် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ (၅၀) မှ မိသားစု (၆၅၀၀) ကို ဟင်းသီးဟင်းရွက်မျိုးစေ့ (၉) မျိုး ထောက်ပံ့ပေးခဲ့ကြောင်း ICRC ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၉ (People Media)

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့နယ်၊ ကျေးရွာ ၅၀ ရှိ မိသားစု ၆၅၀၀ ကို ဟင်းသီးဟင်း ရွက်မျိုးစေ့ ၉ မျိုး ထောက်ပံ့ပေးခဲ့တယ်လို့ International Committee of the Red Cross Myanmar မှ ထုတ် ပြန်ထားပါတယ်။

 

ဘေးကင်းပြီး ရေရှည်တည်တံ့တဲ့ စားနပ်ရိက္ခာရရှိရေး ပိုမိုတိုးတက်လာစေဖို့ အိုင်စီအာရ်စီဟာ မကြာသေးမီက မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာရှိတဲ့ ကျေးရွာ ၅၀က မိသားစု ၆၅၀၀ ကို ဟင်းသီးဟင်းရွက်မျိုးစေ့ ၉ မျိုး ထောက်ပံ့ပေးခဲ့ပါတယ်။

 

“အခုဆိုရင် ဒီမိသားစုတွေက လတ်လတ်ဆတ်ဆတ်ခူးလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးဖို့ သူတို့ခြံတွေ ထဲမှာ စပြီးစိုက်ပျိုးနိုင်ပါပြီ” လို့ မောင်တောမြို့နယ် အိုင်စီအာရ်စီရုံးမှ ကိုစိုးမြင့်ကျော်က ပြောပါတယ်။

 

မျိုးစေ့တွေပံ့ပိုးပေးတဲ့အပြင် စိုက်ပျိုးထုတ်လုပ်မှု တိုးမြင့်လာစေမယ့် စိုက်ပျိုးနည်းစနစ်တွေကိုလည်း ရပ်ရွာလူ ထုနဲ့အတူ လုပ်ဆောင်ခဲ့ပြီး၊ ဟင်းသီးဟင်းရွက်မျိုးစေ့ ရုံးပတီသီး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ရွှေဖရုံသီးနဲ့ အခြား အသီးအရွက်တွေ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

မြန်မာနိုင်ငံရှိ အိုင်စီအာရ်စီဟာ လူမှုအသိုက်အဝန်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရာသီဥတုဘေး အန္တရာယ်၊ ကိုဗစ်-၁၉ ရောဂါနဲ့ ပဋိပက္ခတွေကြောင့်ဖြစ်လာတဲ့ ဆက်တိုက်သက်ရောက်မှုတွေအတွက် သူတို့ တွေ အဲဒီအခြေအနေတွေမှာ လိုက်လျောညီထွေနေနိုင်အောင် အကူအညီပေးအပ်လျှက်ရှိတယ်လို့ ထုတ်ပြန် ထားပါတယ်။

 

#PeopleMedia #ICRC

 

(unicode)


……………………………………………………………

 


 


 


 


 


 


 

#PeopleMedia #ICRC


Share this post