• Follow Us on

Home မော်ကွန်းကျောက်တိုင်စိုက်ထူပြီးမှသာ မိုက်ကယ်ကျော်မြင့် ရဲစခန်းသို့ သွားရောက်အဖမ်းခံမည်

မော်ကွန်းကျောက်တိုင်စိုက်ထူပြီးမှသာ မိုက်ကယ်ကျော်မြင့် ရဲစခန်းသို့ သွားရောက်အဖမ်းခံမည်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ (YDP)အတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်မှ ၎င်းအားစွဲဆိုထားသည့် အမှုကိစ္စများကို မော်ကွန်းကျောက်တိုင် စိုက်ထူပြီးမှသာ ရဲစခန်းသို့ သွားရောက်အဖမ်းခံမည်ဖြစ်ကြောင်း YDP ဥက္ကဋ္ဌ ဒေါ်အေးအေးသင်းက People Media သို့ ပြောသည်။
အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ(YDP)မှ အတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်အား ဇန်နဝါရီ ၁၈ ရက် နေ့တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် တိုင်းပြုပြည်ပြု မော်ကွန်းကျောက်တိုင်စိုက်ထူမည့်အကြောင်းပါ ရေးသားထားချက်များထဲမှ စာသားအချို့နှင့်ပတ်သက်ပြီး တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးမှ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ – ၁၂၄(က)နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ဇန်နဝါရီ ၁၉ ရက်က အမှု ဖွင့်ထားကြောင်း သိရသည်။
သူ့အမှုကိစ္စတွေနဲ့ပက်သက်ပြီး “နေပြည်တော် ကျောက်တိုင်ကိစ္စပြီးရင် သူကိုယ်တိုင်သွားပြီး အဖမ်းခံမှာပေါ့” ဟု YDP ဥက္ကဋ္ဌ ဒေါ်အေးအေးသင်းက ဆိုသည်။
မိုက်ကယ်ကျော်မြင့်သည် ၂၀၂၀ အောက်တိုဘာလတွင် ၎င်း၏ လူမူကွန်ရက်စာမျက်နှာတွင် နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်အား ကြမ်းတမ်းစွာပြောဆိုခဲ့သည်ဟုဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ – ၅၀၅ ဖြင့် ခင်ဦးရဲစခန်း၌ အမှုဖွင့်ခံထားရသလို ခင်ဦးရဲစခန်းမှ ဖမ်းဝရမ်းထုတ်ထားသူတစ်ဦးလည်း ဖြစ်သည်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က ငြိမ်းစုစီပုဒ်မ – ၁၉ နှင့် ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှူးမှ မိုက်ကယ်ကျော် မြင့်ကို တရားစွဲဆိုထားကြောင်း သိရသည်။
အဆိုပါ တရားစွဲဆိုမှုများနှင့်ပတ်သက်ပြီး မိုက်ကယ်ကျော်မြင့်မှ သူ၏လူမူကွန်ယက်စာမျက်နှာတွင် “ကျုပ်ကို အခုအသည်းအသန်လိုက်ရှာလိုက်ဖမ်းနေရတဲ့ ရဲတပ်ဖွဲ့ကြီးကို ကျုပ်လုံးဝစိတ်မဆိုးမိဘူးဆိုတာ အသိပေး ပြောကြားလိုပါတယ်။ တိုင်းပြည်နဲ့ရွေးကောက်ပွဲ ဂုဏ်သိက္ခာကို ပြန်လည်ကယ်တင်ရမယ့်တာဝန်ကြီးတစ်ခုကို ပြည်သူလူထု တစ်ရပ်လုံးနဲ့အတူ နိုင်ငံကြီးသား ပီသစွာထမ်းဆောင်လိုတဲ့အတွက် အခုလောလောဆယ်ကျုပ်အ ဖမ်းမခံနိုင်သေးတာကိုလည်း ရဲတပ်ဖွဲ့ကြီးကို အနူးအညွတ်တောင်းပန်လိုပါတယ်” ဟု ၎င်း၏ လူမှုကွန်ယက်စာ မျက်နာတွင် ရေးသားထားသည့်အပြင်၂၀၂၁ ခုနှစ် ဇန်ဝါရီလ ၂၉ ရက်နေ့ တိုင်းပြုပြည်ပြုကျောက်တိုင်စိုက်ထူ ပွဲကြီးပြီးပါက သက်ဆိုင်ရာရဲတပ်ဖွဲ့ထံမှာ မိုက်ကယ်ကျော်မြင့် လာရောက်အဖမ်းခံဖြေရှင်းသွားပါမယ်လို့ ရေး သားထားသည်။
#PeopleMedia #မိုက်ကယ်ကျော်မြင့်
(unicode)
……………………………………………….


Share this post