• Follow Us on

Home မော်စကိုအရှေ့တောင်ပိုင်းကို တိုက်ခိုက်ဖို့ ကြိုးစားရင်း ဒရုန်းတစ်စင်း ပျက်ကျ

မော်စကိုအရှေ့တောင်ပိုင်းကို တိုက်ခိုက်ဖို့ ကြိုးစားရင်း ဒရုန်းတစ်စင်း ပျက်ကျ

Share this post

နိုင်ငံတကာ၊ မတ် ၁

 

ရုရှားနိုင်ငံမြို့တော် မော်စကိုရဲ့ အရှေ့တေင်ဘက် ကီလိုမိတာ ၁၁၀ (၆၈ မိုင်) ဝေးကွာတဲ့နေရာမှာရှိတဲ့ သဘာ ဝဓာတ်ငွေ့ဖြန့်ဖြူးရေးနေရာတစ်ခုအနီးမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ (အင်္ဂနေ့) က ဒရုန်းတစ်စင်းပျက်ကျခဲ့ ကြောင်း ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံက တစ်ညတည်းမှာ ဒရုန်းတိုက်ခိုက်မှုှနှစ်ကြိမ်ကြိုးစားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က စွပ်စွဲလိုက်ပြီး မကြာခင်မှာပဲ ကိုလွမ်နာမြို့အနီးမှာ အခုအဖြစ်အပျက်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဒေသအုပ် ချုပ်ရေးမှူး အန်းဒရီးဗရိုဘီးရားဗ်က ပြောပါတယ်။

 

ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်ရာမှာ ယူကရိန်းအစိုးရက တရားဝင်လူသိရှင်ကြားထုတ်ဖော်ဝန်ခံခြင်းမရှိပါ ဘူး။ တကယ်လို့ ကိုလွမ်နာမြို့အနီးက ဒရုန်းပျက်ကျမှုဖြစ်စဉ်နောက်ကွယ်မှာ ယူကရိန်းနိုင်ငံပါဝင်ပတ်သက်နေ တယ်ဆိုရင် ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက ဒီတိုက်ခိုက်မှုဟာ ရုရှားြမို့တော်နဲ့ အနီးကပ်ဆုံး တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

 

ကိုလွမ်နာမြို့အနီးက သစ်တောတစ်ခုရဲ့အစပ်ရေခဲပြင်ထဲမှာ မီးခိုးရောင်ဒရုန်းတစ်စင်းရဲ့အပျက်တစ်စီးလဲကျ နေတဲ့ပုံကို ရုရှားလူမှုကွန်ရက်တွေပေါ်မှာ တွေ့မြင်နေရပါတယ်။

 

အဆိုပါဒရုန်းဟာ ရုရှားအရပ်ဘက် အခြေခံအဆောက်အအုံတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ထားဖို့ ရည်ရွယ် ထားပုံရပေမဲ့ တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိဘူးလို့ ဗရိုဘီးရားဗ်က ပြောပါတယ်။

 

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖက်ဒရယ်လုံ ခြုံရေးတပ်ဖွ့ဲ FSB က ကိုင်တွယ်ဆောင်ရွက်နေပြီး ဒေသခံတွေအတွက် ဘာအန္တရာယ်မှမရှိကြောင်း ၎င်းက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံ ကရာစနိုဒါနဲ့ အဒီဂျီးယားဒေသတောင်ပိုင်းက အရပ်ဘက်အခြေခံအဆောက်အအုံ တွေကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အစောပိုင်းကာလက ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။

 

ဒရုန်းရန်ကာကွယ်ရေးစနစ်က အဲဒီဒရုန်းတွေကို လမ်းကြောင်းလွဲချော်အောင်ပြုလုပ်ပေးသလို ပစ်မှတ်ကို လွဲ ချော်အောင်လည်း ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

 

“ဒရုန်းနှစ်စင်းစလုံး မထိန်းချုပ်နိုင်တော့ဘဲ လမ်းကြောင်းလွဲချော်သွားခဲ့ပြီး တစ်စင်းက လယ်ကွင်းထဲကို ထိုးကျ သွားခဲ့ပါတယ်။ နောက်တစ်စင်းကလည်း လမ်းကြောင်းလွဲသွားပြီး သတ်မှတ်ထားတဲ့ပစ်မှတ်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါဘူး။” လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

Ref: Drone crashes in attempted attack southeast of Moscow

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Drone crashes in attempted attack southeast of Moscow

 

#PeopleMedia


Share this post