• Follow Us on

Home မော်စကိုမြို့ကို ကာကွယ်ရန် ပထမဦးဆုံး ခေတ်မီ S-500 လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းကို တာ ဝန်ချထား

မော်စကိုမြို့ကို ကာကွယ်ရန် ပထမဦးဆုံး ခေတ်မီ S-500 လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းကို တာ ဝန်ချထား

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၃ (People Media)

 

ရုရှားနိုင်ငံ၏ ပထမဦးဆုံး ခေတ်မီ S-500 လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းကို ရုရှားနိုင်ငံ မော်စကိုမြို့ကို ကာကွယ်ရန်အတွက် စေလွှတ်တာဝန်ချထားလိုက်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦး က TASS သတင်းဌာနသို့ပြောကြားလိုက်သည်။

 

“ပထမဦးဆုံး ခေတ်မီ S-500 လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းဟာ မြေပြင်တစ်ရင်းတစ်ရင်းနဲ့အတူ တာ ဝန်ထမ်းဆောင်နေပါပြီ။ အဲဒီလေကြောင်းရန်ကာကွယ်ရေးတပ်ရင်းရဲ့တာဝန်က နိုင်ငံရဲ့မြို့တော်ကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ မြို့တော်ရဲ့လေကြောင်းပိုင်နက်ကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်ပါတယ်။” ဟု အဆိုပါသတင်း ရင်းမြစ်ကပြောသော်လည်း တွဲဘက်ထားသည့်တပ်ရင်းအကြောင်းနှင့် S-500 စတင်တာဝန်ထမ်းဆောင်သည့် နေ့ရက်ကို အသေးစိတ်ပြောကြားခြင်းမရှိပေ။

 

ရုရှားနိုင်ငံမြို့တော်မော်စကို၏ ဝေဟင်ပိုင်နက်နှင့် ဗဟိုစက်မှုခရိုင်ကို အမှတ် ၁၅ အာကာသတပ်ဖွဲ့ကြည်းတပ် (Aerospace Forces Army) က တာဝန်ယူစောင့်ရှောက်လျက်ရှိကြောင်းသိရသည်။

 

S-500 လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ဒုတိယအသုတ်ကို ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အစောပိုင်းကာလ တွင် ရုရှားတပ်ဖွဲ့များထံလွှဲပြောင်းပေးသွားမည်ဖြစ်ပြီး S-500 လေကြောင်းရန်ကာကွယ်ရေးစီမံကိန်းမှာ ကာလ ရှည်စီမံကိန်းဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်ကပြောသည်။

 

နောက်ဆုံးပေါ် S-500 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်ခဲ့ပြီးဖြစ်ပြီး ပထမဦးဆုံးဒုံးပစ်စင်များကို ရုရှားလက်နက်ကိုင်တပ်ဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း စက်တင်ဘာ လ ၁၆ ရက်နေ့က ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး ယူရီဘိုရီဆော့ဗ်က ပြောသည်။

 

ရုရှားနိုင်ငံတောင်ပိုင်းရှိ ကာပူစတင်ယာဒုံးကျည်စမ်းသပ်စခန်းတွင် မြန်နှုန်းမြင့်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို S-500 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်ဖြင့် စမ်းသပ်ပစ်ခတ်ခဲ့ပြီးဖြစ်ကြောင်း ဇူလိုင်လ ၂၀ ရက်နေ့က ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

 

ရုရှားအစိုးရပိုင် အယ်လ်မတ်ဇ်-အန်တေး ကုမ္ပဏီကထုတ်လုပ်သော S-500 လေကြောင်းရန်ကာကွယ်ရေးဒုံး ကျည်စနစ်သည် အနာဂတ်ကာလဖြစ်နိုင်ဖွယ်ရှိသော ရန်သူ့ထံမှ မြင့်မားသောအမြင့်ပေနှင့် မြင့်မားသောအမြန် နှှုန်းတို့ဖြင့် ပျံသန်းတိုက်ခိုက်လာနိုင်သည့် လက်နက်အမျိုးမျိုးကို တန်ပြန်တိုက်ခိုက်နိုင်ရန် ပုံစံရေးဆွဲထုတ်လုပ် ထားခြင်းဖြစ်သည်။

 

S-500 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ကို ကိုင်တွယ်အသုံးပြုမည့် အထူးသင်တန်းကို ၂၀၁၇ ခုနှစ် ကတည်းကပို့ချပြီးသားဖြစ်သည်။ S-500 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်သည် S-400 လေကြောင်း ရန်ကာကွယ်ရေးဒုံးကျည်စနစ်ကို အစားထိုးသွားမည်ဖြစ်ကြောင်းသိရသည်။

 

Ref: First regiment of S-500 air defense systems to defend Moscow — source

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: First regiment of S-500 air defense systems to defend Moscow — source

 

#PeopleMedia


Share this post