• Follow Us on

Home မော်လမြိုင်ကျွန်းမြို့၌ ဘင်္ဂါလီ ၃၀ ဦး ဖမ်းဆီးရမိ

မော်လမြိုင်ကျွန်းမြို့၌ ဘင်္ဂါလီ ၃၀ ဦး ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၇ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မော်လမြိုင်ကျွန်း-မအူပင်သွား ကားလမ်းပေါ်ရှိ မယ်တလိုင်း ကျေးရွာအနီးတွင် ခိုးဝင်ဘင်္ဂါလီ ၃၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၄ ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့နယ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် အဖွဲ့သည် အဆိုပါကားလမ်းပေါ်ရှိ ယာဉ်များသွားလာမှုကို စစ်ဆေးနေစဉ် မော်လမြိုင်ကျွန်းမှ မအူပင်မြို့သို့ မောင်းနှင်လာသည့် မသင်္ကာဖွယ်ရာ ယာဉ်နှစ်စီးအား ရပ်တန့်ခိုင်းပြီး စစ်ဆေးရာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

 

ဆက်လက်ပြီး စစ်ဆေးရာတွင် ယာဉ်မောင်း အောင်နိုင်ဦး အသက် ၅၂ နှစ် မောင်းနှင်သည့် ISUZU BIGHORN လိုင်စင်မဲ့ယာဉ်နှင့် ရန်အောင်ကျော် အသက် ၂၉ နှစ် မောင်းနှင်သည့် FAW လိုင်စင်ရှိ မော်တော်ယာဉ်နှစ်စီးပေါ် တွင် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုး ကျား ၇ ဦး၊ မ ၂၃ ဦး၊ စုစုပေါင်း ၃၀ ဦးအား ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

 

အဆိုပါဖမ်းဆီးရမိသူများအား မော်လမြိုင်ကျွန်းမြို့မရဲစခန်းတွင် စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia #မော်လမြိုင်ကျွန်း #ဘင်္ဂါလီ

 

(unicode)


………………………………………………

 


 


 


 


 


 



Share this post