• Follow Us on

Home မော်လမြိုင်ကျွန်းမြို့၌ ခိုးဝင်ဘင်္ဂါလီ ၃၄ ဦး ဖမ်းဆီးရမိ

မော်လမြိုင်ကျွန်းမြို့၌ ခိုးဝင်ဘင်္ဂါလီ ၃၄ ဦး ဖမ်းဆီးရမိ

Share this post

ဧရာဝတီ၊ ဇန်နဝါရီ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

 

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သစ်ပုတ်ကျေးရွာအနီးရှိ ရာဇူတိုင်မြစ်အတွင်း၌ ယမန့်နေ့က အလုံပိတ်စက်လှေပေါ်မှ အထောက်အထားမဲ့ ဘင်္ဂါလီ ၃၄ ဦး တွေ့ရှိခဲ့၍ သက်ဆိုင်ရာက ဖမ်းဆီးနိုင်ခဲ့သည်။

 

“စက်လှေပျက်တယ်ဆိုပြီး သောင်တင်နေတာကို ကျေးရွာအုပ်ချုပ်ရေးမှူးသတင်းပေးတာခင်ဗျ။ စက်လှေသမား သုံးဦးကတော့ တပတ်ရိုက်သွားတာနေမှာပါ။ စက်ပျက်တယ်ဆိုပြီး လိမ်ပြီးထားခဲ့ပြီးတော့ လစ်သွားတာပေါ့။ သူတို့ဘယ်ကလာတယ် ဘယ်ကိုသွားမယ်ဆိုတာကတော့ သက်ဆိုင်ရာ စစ်ဆေးနေတုန်းလို့သိရပါတယ်” လို့ မော်လမြိုင်ကျွန်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝေယံထွန်းက ပြောသည်။

 

နံနက်(၇)နာရီအချိန်တွင် အချိန်ခန့်တွင် ပူးပေါင်းအဖွဲ့များမှ မသင်္ကာစရာ အမိုးအကာများပိတ်၍ ရပ်တန့်ထား သော စက်လှေအား တွေ့ရှိ၍ စစ်ဆေးခဲ့ရာ ယင်းစက်လှေအတွင်းမှ မြန်မာစကားမပြောတက်သော ဘင်္ဂါလီ လူမျိုး (၃၄) ဦးအား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

 

အဆိုပါ ဘင်္ဂါလီများကို သစ်ပုတ်ကျေးရွာဘုန်းကြီးကျောင်းရှိ ဓမ္မာရုံတွင် ခေတ္တထိန်းသိမ်း၍ ကျန်းမာရေးစစ် ဆေးဆောက်ရွက်မှုများ ပြုလုပ်နေလျက်ရှိပြီး၊ တွေ့ရှိခဲ့သည့် ဘင်္ဂါလီများထဲတွင် အမျိုးသမီး ၂၀ ကျော်နှင့် ကလေးငယ်များပါဝင်သည်။

 

ဧရာဝတီတိုင်းသည် ရခိုင်ပြည်နယ်နှင့် ရေလမ်း၊ ကုန်လမ်းသည် ဆက်စပ်နေခြင်းကြောင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီများသည် ရေလမ်း၊ ကုန်းလမ်း အသုံးပြု၍ ဧရာဝတီတိုင်းကို ဖြတ်ကျော်လျက်ရှိသည်။

 

#PeopleMedia #မော်လမြိုင်ကျွန်း #ဘင်္ဂါလီ

 

(unicode)


………………………………….

 


 


 


 


 


 


 



Share this post