• Follow Us on

Home ေမာ္လၿမိဳင္ၿမိဳ႕တြင္ ရက္သားအမႊာကေလးႏွင့္ (၁၀) ႏွစ္ေအာက္ကေလး စုစုေပါင္း ၈ ဦး COVID ပိုး ေတြ႕ရွိ

ေမာ္လၿမိဳင္ၿမိဳ႕တြင္ ရက္သားအမႊာကေလးႏွင့္ (၁၀) ႏွစ္ေအာက္ကေလး စုစုေပါင္း ၈ ဦး COVID ပိုး ေတြ႕ရွိ

Share this post

ရန္ကုန္၊ ေအာက္တိုဘာလ ၂၀
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္တြင္ ၄၅ ရက္သားအမႊာကေလးႏွင့္ ၁၀ ႏွစ္ေအာက္ကေလးငယ္စုစုေပါင္း ၈ ဦး COVID ေတြ႕ရွိေၾကာင္း ေမာ္လၿမိဳင္ လူမႈကယ္ဆယ္ေရးအဖြဲ႕ဒုဥကၠ႒ ကိုဇင္မိုးကေျပာပါတယ္။ ေမာ္လၿမိဳင္ သံလြင္ေအး ငါးအေအးခန္းစက္႐ုံတြင္ ၀န္ထမ်း အကုန္ကူးစက္ခံထားရၿပီ ယခုေတြ႕ရွိသည့္ကေလး မ်ားမွာလည္း ၎တို႔ႏွင့္ထိေတြ႕ထားသူမ်ားျဖစ္ေၾကာင္း ကိုဇင္မိုးက ဆိုပါတယ္။ “အခုေရာဂါေတြ႕တဲ့ကေလးေတြကို မိဘနဲ႔အတူထားထားပါတယ္။ အမႊာကေလးေလးေတြရဲ႕ အေမလည္း Positive ထြက္တယ္ေလ။ သူ႔မိဘနဲ႔အတူ ထားထားပါတယ္။ Positive ထြက္တာ ညကေတာ့ ၈ ဦးပါတယ္။ က်န္တဲ့ Positive မထြက္ဘဲ က်န္တဲ့လူေတြက ၅ ရာေလာက္ရွိေသးတယ္” ဟု ေမာ္လၿမိဳင္ လူမူကယ္ဆယ္ေရး အဖြဲ႕ဒုဥကၠ႒ ကိုဇင္မိုးကေျပာပါတယ္။ အဆိုပါ သံလြင္ေအး ငါးအေအးခန္းစက္႐ုံတြင္ အလုပ္သမား စုစုေပါင္း ၈၀ ၀န္ထမ္း အကုန္လုံးေရာဂါကူးစက္ခံ ေနေၾကာင္း ၎တို႔ႏွင့္ထိေတြ႕သူ ၅ ရာခန္႔ကိုလည္း သံလြင္ေအးစက္႐ုံတြင္ Quarantine ထားရွိေၾကာင္း ၎ကေျပာသည္။ COVID-19 ဒုတိယလိႈင္းမွာ ေမာ္လၿမိဳင္ၿမိဳ႕တြင္ ပိုးေတြ႕လူနာ ၁၃၉ ဦးရွိၿပီး ေသဆုံးသူ ၉ ဦးရွိေၾကာင္း ေမာ္လၿမိဳင္ လူမႈကယ္ဆယ္ေရးအဖြဲ႕ဒုဥကၠ႒ ကိုဇင္မိုးက ထပ္ေလာင္းေျပာဆိုခဲ့သည္။
#PeopleMedia
(unicode)
မော်လမြိုင်မြို့တွင် ရက်သားအမွှာကလေးနှင့် (၁၀) နှစ်အောက်ကလေး စုစုပေါင်း ၈ ဦး COVID ပိုး တွေ့ရှိ
…………………………………………………
 
ရန်ကုန်၊ အောက်တိုဘာလ ၂၀
 
မွန်ပြည်နယ်၊ မော်လမြိုင်တွင် ၄၅ ရက်သားအမွှာကလေးနှင့် ၁၀ နှစ်အောက်ကလေးငယ်စုစုပေါင်း ၈ ဦး COVID တွေ့ရှိကြောင်း မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ဒုဥက္ကဋ္ဌ ကိုဇင်မိုးကပြောပါတယ်။
 
မော်လမြိုင် သံလွင်အေး ငါးအအေးခန်းစက်ရုံတွင် ဝန်ထမျး အကုန်ကူးစက်ခံထားရပြီ ယခုတွေ့ရှိသည့်ကလေး များမှာလည်း ၎င်းတို့နှင့်ထိတွေ့ထားသူများဖြစ်ကြောင်း ကိုဇင်မိုးက ဆိုပါတယ်။
 
“အခုရောဂါတွေ့တဲ့ကလေးတွေကို မိဘနဲ့အတူထားထားပါတယ်။ အမွှာကလေးလေးတွေရဲ့ အမေလည်း Positive ထွက်တယ်လေ။ သူ့မိဘနဲ့အတူ ထားထားပါတယ်။ Positive ထွက်တာ ညကတော့ ၈ ဦးပါတယ်။ ကျန်တဲ့ Positive မထွက်ဘဲ ကျန်တဲ့လူတွေက ၅ ရာလောက်ရှိသေးတယ်” ဟု မော်လမြိုင် လူမူကယ်ဆယ်ရေး အဖွဲ့ဒုဥက္ကဋ္ဌ ကိုဇင်မိုးကပြောပါတယ်။
 
အဆိုပါ သံလွင်အေး ငါးအအေးခန်းစက်ရုံတွင် အလုပ်သမား စုစုပေါင်း ၈၀ ဝန်ထမ်း အကုန်လုံးရောဂါကူးစက်ခံ နေကြောင်း ၎င်းတို့နှင့်ထိတွေ့သူ ၅ ရာခန့်ကိုလည်း သံလွင်အေးစက်ရုံတွင် Quarantine ထားရှိကြောင်း ၎င်းကပြောသည်။
 
COVID-19 ဒုတိယလှိုင်းမှာ မော်လမြိုင်မြို့တွင် ပိုးတွေ့လူနာ ၁၃၉ ဦးရှိပြီး သေဆုံးသူ ၉ ဦးရှိကြောင်း မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ဒုဥက္ကဋ္ဌ ကိုဇင်မိုးက ထပ်လောင်းပြောဆိုခဲ့သည်။
 
#PeopleMedia

Share this post