• Follow Us on

Home မော်လမြိုင်မြို့နယ်၌ သဲတင်ယာဉ်မှ ကျောင်းသားများကိုရှောင်ရာ ယာဉ်တိမ်းမှောက်ခဲ့ပြီး ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိ

မော်လမြိုင်မြို့နယ်၌ သဲတင်ယာဉ်မှ ကျောင်းသားများကိုရှောင်ရာ ယာဉ်တိမ်းမှောက်ခဲ့ပြီး ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိ

Share this post

မော်လမြိုင်၊ ဒီဇင်ဘာ ၂၁ (People Media)

 

ဒီဇင်ဘာ ၂၀ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရခိုင်ကုန်းဈေးအကျော်၊ ကျိုက္ခမီလမ်းမကြီး၌ သဲများ တင်ဆောင်လာသည့်ယာဉ်(ဖောကား)သည့် လမ်းဖြတ်ကူးမည့် ကျောင်းသားများကိုရှောင်ရာ ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသား ၂ ဦးသည် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိကြောင်း ဘိုဘိုဝင်းလူမှုကူညီရေး အသင်းမှ  သိရသည်။

 

“ကားက လမ်းဖြတ်ကူးတဲ့ကလေးတွေမြင်လို့ ရှောင်ရင်းနဲ့ တုံးလုံးလှဲသွားတယ်။ တုံးလုံးလှဲသွားပြီးမှ ကားက ကလေး ၂ ယောက်ကို အဖျားခတ်ပြီးတော့မှ ထိသွားတာ။ ဒဏ်ရာကတော့မပြင်းပါဘူး” လို့ ဘိုဘိုဝင်းလူမှုကူ ညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယာဉ်တိမ်းမှောက်ကာ ကျောင်းသား(၂)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ယာဉ်မောင်းဖြစ်သူကို ဥပဒေအရအရေး ယူထားပြီး၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာသည့် ယာဉ်မောင်းနှင့် ယာဉ်ကူမှာ တော့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

 

ဖြစ်စဉ်၌ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအသင်းနှင့် ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့မှ သွားရောက်ကူညီဆောက်ရွက်ပေးခဲ့သည်။

 

Photo – Credit

 

#PeopleMedia #မော်လမြိုင်မြို့ #ယာဉ်တိန်းမှောက်

 

(unicode)


……………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post