• Follow Us on
Latest News

Home မော်လမြိုင်မြို့ရှိ သာသနာနွယ်ဖောင်ဒေးရှင်း အခမဲ့ဆေးခန်းမှ ပရဟိတဆရာဝန် ပုဒ်မ ၅၀၅(က) ဖြင့် အမှု ဖွင့်ခံရ

မော်လမြိုင်မြို့ရှိ သာသနာနွယ်ဖောင်ဒေးရှင်း အခမဲ့ဆေးခန်းမှ ပရဟိတဆရာဝန် ပုဒ်မ ၅၀၅(က) ဖြင့် အမှု ဖွင့်ခံရ

Share this post

မော်လမြိုင်၊ ဒီဇင်ဘာ ၁၇ (People Media)

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာနွယ်ဖောင်ဒေးရှင်း အခမဲ့ဆေးခန်းမှ ပရဟိတဆရာဝန်ဖြစ်သူသည် နိုင် ငံတော်အကြည်ညိုပျက်စေသည့် ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံထားရကြောင်း ၎င်းနှင့် နီးစပ်သူများထံက သိရ ပါတယ်။

 

ဒီဇင်ဘာ ၇ ရက်နေ့က မော်လမြိုင်မြို့၊ ငွေမိုးဆေးရုံ၌ ငွေတိုက်စာချုပ်ဝယ်ယူမှုဖြင့် ဖမ်းဆီးခြင်းခံရခြင်းပြီး နောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် စွဲဆိုခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

“ပထမ ကျွန်တော်တို့ကိုယ်တိုင်သိတာက ငွေတိုက်စာချုပ်ဝယ်ယူလို့ဆိုပြီးတော့ ဖမ်းတာလို့ ပြောတယ်။ အခုက ၅၀၅ ပြောင်းဖွင့်တယ်ဆိုတော့ ကျွန်တော်လည်း မပြောတက်တော့ဘူး” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောပါ တယ်။

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က ပရဟိတဆရာဝန် ဒေါက်တာချမ်းမြေ့အောင်သည် ကိုဗစ်တတိယလှိုင်းတွင် သာသနာနွယ်ဖောင်ဒေးရှင်း အခမဲ့ဆေးခန်း၏ မော်တော်ယာဉ်များဖြင့် ကျေးရွာများသို့ လှည့်လည်ဆေးကုသ ပေးခဲ့သူတစ်ဦးဖြစ်ကြောင်းသိရပါတယ်။

 

#PeopleMedia  #၅၀၅(က) #သာသနာနွယ်ဖောင်ဒေးရှင်း

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post