• Follow Us on

Home မော်လမြိုင်မြို့ရှိ ရော်ဘာခြံအတွင်း၌ ပုတ်ပွပျက်စီးနေသည့် ပိုင်ရှင်မဲ့ အမျိုးသမီးငယ်တစ်ဦး၏ ရုပ်အလောင်း တွေ့ရှိ

မော်လမြိုင်မြို့ရှိ ရော်ဘာခြံအတွင်း၌ ပုတ်ပွပျက်စီးနေသည့် ပိုင်ရှင်မဲ့ အမျိုးသမီးငယ်တစ်ဦး၏ ရုပ်အလောင်း တွေ့ရှိ

Share this post

မော်လမြိုင်၊ နိုဝင်ဘာ ၂၄ (People Media)

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုရောင်းကျေးရွာ၊ (၈) မိုင်တရုတ်သုဿန် အနောက်ဘက်အနီးရှိ ရော်ဘာခြံ အတွင်း၌ ပုတ်ပွပျက်စီးနေသည့် ပိုင်ရှင်မဲ့ အမျိုးသမီးငယ်၏ ရုပ်အလောင်း တွေရှိခဲ့ကြောင်း လူမှုကူညီရေး အဖွဲ့ထံက သိရပါတယ်။

 

ဖြစ်စဉ်မှာ မုရောင်းကျေးရွာ၊ (၈) မိုင်တရုတ်သုဿန် အနောက်ဘက်ရော်ဘာခြံအတွင်း၌ ရုပ်ဆင်းအင်္ဂါပျက်ပြီး ပုပ်ပွပျက်စီးနေသည့် ရုပ်အလောင်းကို နယ်မြေရဲစခန်းမှ ဆက်သွယ်သောကြောင့် ဘိုဘိုဝင်း အရေးပေါ် လူမှု ကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီခဲ့ကြောင်း သိရပါတယ်။

 

“ရုပ်အလောင်းက ရက် ၃၀ လောက်ရှိလောက်ပြီ။ အပေါ်ပိုင်းက လုံး၀ အရိုးတွေပဲရှိတော့တယ်။ အသားလုံး၀ မရှိတော့ဘူး။ ပြီးတော့ ခေါင်းကအပျက်ကြီးဖြစ်နေတယ်” လို့ ဘိုဘိုဝင်းအရေးပေါ်လူမှု ကယ်ဆယ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးဘိုဘိုဝင်းက ပြောပါတယ်။

 

အဆိုပါအမျိုးသမီးမှာ အသက် (၁၈) နှစ်ဝန်းကျင်ရှိပြီး ထိုရုပ်အလောင်းမှာ မည်သူဖြစ်ကြောင်း သိရှိရခြင်းမရှိ သေးဘဲ အလောင်းကို ပိုင်ရှင်မဲ့ဟု သတ်မှတ်ပြီး သက်ဆိုင်ရာက သဂြိုလ်လိုက်ကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia #မော်လမြိုင်မြို့ #ပိုင်ရှင်မဲ့ရုပ်အလောင်း

 

(unicode)


…………………………………………………………….

 


 


 


 


 


 

Photo – Credit

 



Share this post