• Follow Us on
Latest News

Home မော်လမြိုင်မြို့၊ သာသနာနွယ်ဖောင်ဒေးရှင်း အခမဲ့ပရဟိတဆေးခန်း၌ ဆေးဝါးကုသမှုပေးနေသည့် စေတနာ ဆရာဝန်တစ်ဦးသည် NUG ၏ ငွေတိုက်စာချုပ်ဝယ်ယူမှုဖြင့် ဖမ်းဆီးခံရ

မော်လမြိုင်မြို့၊ သာသနာနွယ်ဖောင်ဒေးရှင်း အခမဲ့ပရဟိတဆေးခန်း၌ ဆေးဝါးကုသမှုပေးနေသည့် စေတနာ ဆရာဝန်တစ်ဦးသည် NUG ၏ ငွေတိုက်စာချုပ်ဝယ်ယူမှုဖြင့် ဖမ်းဆီးခံရ

Share this post

မော်လမြိုင်၊ ဒီဇင်ဘာ ၈ (People Media)

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာနွယ်ဖောင်ဒေးရှင်း အခမဲ့ပရဟိတဆေးခန်းမှ ပရဟိတအထွေထွေ ရောဂါကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာချမ်းမြေအောင်သည် NUG ၏ ငွေတိုက်စာချုပ်ဝယ်ယူမှုဖြင့် ဖမ်းဆီးခံရကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရပါတယ်။

 

၎င်းကို ဒီဇင်ဘာ ၅ ရက်နေ့က မော်လမြိုင်မြို့ရှိ ငွေမိုးဆေးရုံတွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများ အတည်ပြုပြောဆိုပါတယ်။

 

“ကိုချမ်းမြေအောင်က မနက်ဆိုရင် သာသနာနွယ်ဖောင်ဒေးရှင်း အခမဲ့ဆေးခန်းမှာ ပရဟိတဆရာဝန်လုပ်ပါ တယ်။ ညဆိုရင် မော်လမြိုင်က ပုဂ္ဂလိက ဆေးရုံမှာ လုပ်တယ်။ ဟိုနေက ဆေးရုံမှာ မေးစရာရှိတယ်ဆိုပြီးတော့ ခေါ်သွားတာ နောက်ပြန်မလာလို့ သွားပြီးတော့ မေးတဲ့ခါကျတော့မှ ငွေတိုက်စာချုပ်ဝယ်ယူလို့ဆိုပြီးတော့ ဖမ်းတာကို သိရတယ်” ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

၎င်းအား ဖမ်းဆီးခံရသည့်အတွက် ကိုချမ်းမြေ့အောင် တာဝန်ယူဆောင်ရွက်သည့် သာသနာနွယ်ဖောင်ဒေးရှင်း အခမဲ့ပရဟိတဆေးခန်းကိုလည်း လက်ရှိတွင် ပိတ်ထားရကြောင်းသိရပါတယ်။

 

“ဒီနေ့လည်းဆေးခန်းပိတ်ပါတယ်။ ဆရာဝန်ပြန်ရောက်လာလို့ ဆေးခန်းဖွင့်လျှင်ကြေငြာပေးပါမည်” ဟု သာ သနာနွယ်ဖောင်ဒေးရှင်း၏ ပဓာန နယကဆရာတော် အရှင်ဆန္ဒာဇောတိက လူမှုကွန်ယက်တွင် တင်ပြထားပါ တယ်။

 

ပြီးခဲ့သည့် ကိုဗစ်တတိယလှိုင်းပြင်းထန်ချိန်တွင် ဒေါက်တာချမ်းမြေအောင်အပါအဝင် သာသနာနွယ်ဖောင်ဒေး ရှင်းမှ အသင်းမှ စေတနာရှင်တချို့သည် ရွေ့လျားဆေးကုကားဖြင့် ကျေးရွာများထိအရောက် ဖြားနာသူများ အပါအဝင် အထွေထွေရောဂါခံစားနေရသူများကို လိုက်လံဆေးကုပေးခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူတချို့ထံမှ သိရပါတယ်။

 

#PeopleMedia #မော်လမြိုင် #ဆရာဝန်

 

(unicode)


……………………………………………………..

 


 


 


 


 


 


 


 



Share this post