• Follow Us on
Latest News

Home မော်လမြိုင်မြို့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံရ

မော်လမြိုင်မြို့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံရ

Share this post

မော်လမြိုင်၊ ဒီဇင်ဘာ ၂ (People Media)

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နွယ်နွယ်အောင်ကို ပြီးခဲ့သည့် လပိုင်းက နေအိမ်တွင် ဖမ်းဆီးခဲ့ပြီးနောက် ယနေ့၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ ဖြင့် စွဲချက် တင်ခံခဲ့ရကြောင်း ၎င်းနှင့် နီးစပ်သူများထံက သိရပါတယ်။

 

ဒေါ်နွယ်နွယ်အောင်ကို အောက်တိုဘာ ၂၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁ လကျော်ကြာ ထိန်းသိမ်းပြီး နောက် ယနေ့တွင် ကျိုက်မရောမြို့နယ် ဗဟိုအကျဉ်းဦးစီးဌာနရှိ အထူးတရားရုံးတွင် အမှုအား စွဲချက်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

“ချုပ်ရက်ရမန်ပြည့်လို့ ထပ်ယူတယ်လို့ပဲ သိရတယ်။ ဒီနေ့ရမန်ပြည့်တဲ့အခါမှာ အကြမ်းဖက်ဥပဒေနဲ့ အမှုကို စွဲချက်တင်စစ်ဆေးတယ်လို့ပဲသိရတယ်။ ဒီနေ့ ဘယ်သူနဲ့မှ တွေ့ခွင့်မရဘူး” ဟု ဒေါ်နွယ်နွယ်အောင်နှင့် နီး စပ်သူတစ်ဦးက ပြောပါတယ်။

 

အလားတူ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရပါ တယ်။

 

#PeopleMedia #မော်လမြိုင်မြို့

 

(unicode)


…………………………………………………………..

 


 


 


 


 


 



Share this post