• Follow Us on

Home မော်လမြိုင်မြို့၊ မြို့ရှောင်လမ်း၌ ဆိုင်ကယ် ၂ စီးတိုက်မိပြီး တစ်စီးမှာ ကုန်တင်ကားအောက်ရောက်၍ ကား ကြိတ်မိပြီး ဆိုင်ကယ်မောင်းနှင်သူတစ်ဦး သေဆုံး

မော်လမြိုင်မြို့၊ မြို့ရှောင်လမ်း၌ ဆိုင်ကယ် ၂ စီးတိုက်မိပြီး တစ်စီးမှာ ကုန်တင်ကားအောက်ရောက်၍ ကား ကြိတ်မိပြီး ဆိုင်ကယ်မောင်းနှင်သူတစ်ဦး သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၉ (People Media)

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့ရှောင်လမ်း၌ ဆိုင်ကယ် ၂ စီးတိုက်မိပြီး တစ်စီးမှာ ကုန်တင်ကားအောက်ထဲသို့ ရောက်ခဲ့ပြီး ကားကြိတ်မိ၍ ဆိုင်ကယ်မောင်းနှင်သူတစ်ဦးမှာ အခင်းနေရာ၌ သေဆုံးကြောင်း မွန်ပြည်နယ် မော်လမြိုင်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ကိုဇင်မိုးကပြောပါတယ်။

 

ဖြစ်စဉ်မှာ ယနေ့မနက် ၁၀ နာရီအကျော်တွင် မော်လမြိုင်မြို့၊ မြို့ရှောင်လမ်း PUMA POWER ဆီဆိုင်အကျော် ဂုံးကျော်နေရာတွင် ဆိုင်ကယ် ၂ စီးတိုက်မိရာ တစ်စီးမှာ တစ်ဖက်ရင်ကျောမှ လာနေသော ကုန်တင်ကား အောက်သို့ ရောက်ရှိကာ ကားကြိတ်မိ၍ သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

“တစ်စီးကတော့ ထိခိုက်ဒဏ်ရာမရဘူး၊ တစ်စီးကတော့ ကားကြိတ်ပြီး အခင်းဖြစ်တဲ့နေရာမှာ သေဆုံးသွား တယ်လို့” မွန်ပြည်နယ်၊ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ကိုဇင်မိုးက People Media ကို ပြောပါတယ်။

 

အဆိုပါဆိုင်ကယ်အား ကားကြိတ်မှုဖြစ်စဉ်တွင် သေဆုံးသူကို မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သွား ရောက်ကာ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

 

#PeopleMedia #မော်လမြိုင် #ယာဉ်တိုက်မှု #ဆိုင်ကယ်

 

(unicode)


……………………………………………………………………………

 


 


 


 


 


 



Share this post