• Follow Us on

Home မော်လမြိုင်မြို့၌ ဆရာတော်မောင်းနှင်လာသည့် လိုင်စင်မဲ့ယာဉ်မှ ဆယ်တန်း(ကျောင်းသူ) စီးနင်းလာသည့် ဆိုင်ကယ်ကို ဝင်တိုက်မိရာ ကျောင်းသူ သေဆုံး၊ ဆရာတော်များ ဝိနည်းတော်နှင့် ညီညွှတ်ခြင်းမရှိဘဲ ကိုယ် တိုင် ယာဉ်မောင်းနှင်မှုများကို ဓမ္မစက်၊ အာဏာစက်များဖြင့် ဆောင်ရွက်ရန် လိုအပ်

မော်လမြိုင်မြို့၌ ဆရာတော်မောင်းနှင်လာသည့် လိုင်စင်မဲ့ယာဉ်မှ ဆယ်တန်း(ကျောင်းသူ) စီးနင်းလာသည့် ဆိုင်ကယ်ကို ဝင်တိုက်မိရာ ကျောင်းသူ သေဆုံး၊ ဆရာတော်များ ဝိနည်းတော်နှင့် ညီညွှတ်ခြင်းမရှိဘဲ ကိုယ် တိုင် ယာဉ်မောင်းနှင်မှုများကို ဓမ္မစက်၊ အာဏာစက်များဖြင့် ဆောင်ရွက်ရန် လိုအပ်

Share this post

မော်လမြိုင်၊ ဇန်နဝါရီ ၁၀ (People Media)

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဆည်မြောင်းလမ်းဝထိပ်အနီး၌ ဆရာတော်မောင်းနှင်လာသည့် လိုင်စင်မဲ့ယာဉ်မှ ဆယ်တန်း(ကျောင်းသူ) စီးနင်းလာသော ဆိုင်ကယ်ကို တိုက်မိရာ ကျောင်းသူသည် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်၌ ဆယ်တန်းကျောင်းသူသည် ကျူရှင်မှ ဆိုင်ကယ်စီးနင်း ၍ အပြန်လမ်း၌ ဆရာတော်များလိုက်ပါစီးနှင်လာပြီး ဆရာတော်တစ်ပါး မောင်းနှင်လာသည့် လိုင်စင်မဲ့ယာဉ်မှ ဝင်တိုက်မိခြင်းဖြစ်သည်။

 

“ဆရာတော်တွေမောင်းလာတဲ့ကား၊ ကားထဲမှာတော့ ဆရာတော်များရယ် လူပုဂ္ဂိုလ်တွေပါတယ်။ ဆရာတော် တွေက နယ်မှာ ကိုယ်တိုင်ကားမောင်းနေကြတာ။ ယာဉ်စည်းကမ်းလမ်းစည်းကမ်း နားမလည်ကြဘူးလေ။ ဆရာတော်ကားက ဝင်တိုက်တာပါ” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

တိုင်းဒေသကြီး/ပြည်နယ်များ၌ ကျောင်းတိုက်များ၌ ဆရာတော်တို့သည် လိုင်စင်မဲ့ယာဉ်များကို ကိုယ်တိုင် မောင်းနှင်စီးနင်းလျက်ရှိပြီး မကြာခဏ ဘုန်းတော်ကြီးကားများသည် ယာဉ်တိုက်မှု ကျူးလွန်လျက်ရှိသည်။

 

“ဆရာတော်တွေကို ဝိနည်းအရ ယာဉ်မောင်းခွင့် ခွင့်မပြုထားပါဘူး။ အစိုးရရဲ့ ယာဉ်မောင်းလိုင်စင်လည်း သံဃာတော်တွေ ဖြေဆိုခွင့်မရှိပါဘူး။ တားမြင့်ထားတဲ့ ကိစ္စရပ်တွေကို ကျူးလွန်နေတာ ဆရာတော်ကြီး တွေအနေနဲ့ ဓမ္မစက် ပြီးတော့ အစိုးရအနေနဲ့ အာဏာစက်အရ ဆောင်ရွက်သင့်ပါပြီ” လို့ ဆရာတော်ကြီး တစ်ပါးက မိန့်သည်။

 

အလားတူပြီးခဲ့သည့် လပိုင်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ၊ကလိန်ပဒေါင်ကျေးရွာအနီး၌ ဆရာတော် တစ်ပါး မောင်းနှင်လာသည့် ယာဉ်မှ ကျောင်းသူ(ကလေးငယ်) တစ်ဦး စီးနှင်လာသည့် စက်ဘီးကို ဝင်တိုက်ရာ ကျောင်သူတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့သည်။

 

Photo – ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့

 

#PeopleMedia #မော်လမြိုင်မြို့

 

(unicode)


………………………………………………………..

 


 


 


 


 


 


 


 


 



Share this post