• Follow Us on
Latest News

Home မော်လမြိုင်မြို့၌ WHO ဝန်ထမ်းဖြစ်သူကို သတ်ဖြတ်မှု၌ ပါဝင်ခဲ့သည့် ကျား (၂) ဦးနှင့် မ (၆) ဦးကို ကနဦး ဖမ်း ဆီးနိုင်ခဲ့ပြီး လွတ်မြောက်နေသူများကို ဖော်ထုတ်လျက်ရှိ

မော်လမြိုင်မြို့၌ WHO ဝန်ထမ်းဖြစ်သူကို သတ်ဖြတ်မှု၌ ပါဝင်ခဲ့သည့် ကျား (၂) ဦးနှင့် မ (၆) ဦးကို ကနဦး ဖမ်း ဆီးနိုင်ခဲ့ပြီး လွတ်မြောက်နေသူများကို ဖော်ထုတ်လျက်ရှိ

Share this post

မော်လမြိုင်၊ ဇွန် ၂၄

 

ဇွန်လ ၈ ရက်နေ့က မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်အနီး၌ WHO ဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဠ်ကို သတ်ဖြတ်မှု ၌ ပါဝင်ခဲ့သည့် ကျား (၂) ဦးနှင့် မ (၆) ဦးကို ကနဦး ဖမ်းဆီးနိုင်ခဲ့သည်။

 

WHO ဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဠ်ကို လုပ်ကြံသတ်ဖြတ်မှုသည် မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ဇွန်လ ၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

လက်ရှိအချိန်၌ WHO ဝန်ထမ်းဖြစ်သူကို သတ်ဖြတ်မှု၌ ပါဝင်သည့် ဘိုဘိုအောင်(သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ သူ၊ PDF အဖွဲ့ဝင်)အပါအဝင် အမျိုးသားနှစ်ဦး၊ အမျိုးသမီး ၆ ဦးကို လုံခြုံရေးအဖွဲ့များက ဖမ်းဆီးနိုင်ခဲ့ပြီး လွတ် မြောက်နေသူအချို့ကိုလည်း လုံခြုံရေးအဖွဲ့များက ဆက်လက်ဖော်ထုတ်နေကြောင်း ကနဦး သိရသည်။

 

#PeopleMedia #WHO #မွန်ပြည်နယ်

 

(unicode)


……………………………………

 


 


 


 


 



Share this post