• Follow Us on

Home မော်လမြိုင်မြို့ အေးဇမ္ဗူဓမ္မရိပ်သာကျောင်းတိုက်ရှိ ဆာဗစ်ကြိုးများ ခိုးယူဖြတ်တောက်ခံရသည်မှာ ၃ ကြိမ်ထိ ရှိလာ

မော်လမြိုင်မြို့ အေးဇမ္ဗူဓမ္မရိပ်သာကျောင်းတိုက်ရှိ ဆာဗစ်ကြိုးများ ခိုးယူဖြတ်တောက်ခံရသည်မှာ ၃ ကြိမ်ထိ ရှိလာ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၅ (People Media)

 

မော်လမြိုင်မြို့၊ မြေနီကုန်းရပ်၊ ရွှေတောင်ကုန်းလမ်း၊ အေးဇမ္ဗူဓမ္မရိပ်သာကျောင်းတိုက်ရှိ ဆာဗစ်ကြိုးများ ဖြတ်တောက်ခိုးယူခံရသည်မှာ စုစုပေါင်း ၃ ကြိမ်ရှိပြီဖြစ်ကြောင်း K Resuce (ကြင်နာခြင်း) အရေးပေါ်လူမှု ကယ်ဆယ်ရေးအသင်းအဖွဲ့မှ ဥက္ကဋ္ဌ ကိုခိုင်ကိုကိုထွေးမှ People Media သို့ အတည်ပြုပြောကြားသည်။

 

ဖြစ်စဉ်မှာ နံနက် ၂ နာရီအချိန်တွင် မီးပျက်ပြီးနောက် လိုက်လံကြည့်ရှုရာ ရဲမင်းကြီးရုံးတောင်ပေါ်လမ်းနှင့် ရွှေတောင်ကုတ်လမ်းဝင်သည့်နေရာရှိ  မီးကြိုးများကို ဖြတ်တောက်ခဲ့ပြီး အေးဇမ္ဗူကျောင်းတိုက်နှင့် မီးရထား ဧည့်ရိပ်သာအနီးဝန်းကျင်ရှိ ဆားဗစ်ကြိုးများကို ဓားဖြင့် ခုတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

 

“ကျွန်တော်တို့ ဒီအေးဇမ္မူရိပ်သာ ကျောင်းတိုက်ကလည်း ကျွန်တော်တို့မရောက်ခင် အရှေ့မှာ ၂ ကြိမ်ဖြတ်ခံရ တယ်။ ခုကျွန်တော်တို့ ရောက်ချိန်မှာလည်း ၁ ကြိမ်ဆိုတော့ စုစုပေါင်း ၃ ကြိမ်၊ မီးရထားဧည့် ရိပ်သာက ၂ ကြိမ်၊ ပေါင်း ၅ ကြိမ်ရှိပြီ” ဟု K Resuce (ကြင်နာခြင်း) အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့မှ ဥက္ကဋ္ဌ ကိုခိုင်ကိုကိုထွေးမှ ပြောသည်။

 

#PeopleMedia #မော်လမြိုင်မြို့

 

(unicode)


……………………………………………………………………

 


 


 


 


 



Share this post