• Follow Us on

Home မော်လမြိုင်-ရန်ကုန် ရထားလမ်း တံတားအမှတ် ၈၈ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရ

မော်လမြိုင်-ရန်ကုန် ရထားလမ်း တံတားအမှတ် ၈၈ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရ

Share this post

မွန်၊ ဒီဇင်ဘာ ၈ (People Media)

 

ဒီဇင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာအနီးရှိ မော်လမြိုင်-ရန်ကုန် ရထားလမ်း တံတားအမှတ် ၈၈ သည် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရပါ တယ်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်-ရန်ကုန်ရထားသံလမ်းအား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးခံကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရာတွင် တံတားအမှတ် “၈၈” ၌ ပေါက် ကွဲမှုကြောင့် ရထားသံဘောင်ပျက်စီးနေခြင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

“ဖြစ်တာကတော့ ဟုတ်ပါတယ်၊ ဖြစ်ဖြစ်ခြင်းမှာပဲ အင်ဂျင်နီယာတပ်ကလူတွေ ရောက်လာပြီးတော့ မပေါက်ကွဲ သေးတဲ့ မိုင်းတချို့ကိုလည်း သက်မဲ့ပြုလုပ်ခဲ့ပါတယ်။ ပေါက်ကွဲတဲ့နေရာကိုတော့ မနေ့က ညနေကပဲ ပြင်ဆင်မှု တွေ ပြီးစီးခဲ့ပါတယ်” ဟု ဒေသခံတစ်ဦးကပြောပါတယ်။

 

ပြီးခဲ့သည့်လပိုင်းကလည်း မွန်ပြည်နယ်၊ ပေါင်မြို့ရှိ ရထားသံလမ်းတချို့အား ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရပါတယ်။

 

#PeopleMedia #ရထားလမ်း #မိုင်းပေါက်ကွဲမှု

 

(unicode)


…………………………………………….

 


 


 


 


 


 



Share this post