• Follow Us on

Home ေမြးရာပါ ဦးေခါင္းခ်ိဳ႕ယြင္းေနသည့္ကေလးငယ္ကို အခ်ိန္မွီခြဲစိတ္ႏိုင္ရန္ အလႈရွင္မ်ားလိုအပ္ေန

ေမြးရာပါ ဦးေခါင္းခ်ိဳ႕ယြင္းေနသည့္ကေလးငယ္ကို အခ်ိန္မွီခြဲစိတ္ႏိုင္ရန္ အလႈရွင္မ်ားလိုအပ္ေန

Share this post

မေကြးတိုင္းေဒသႀကီး၊ ဆင္ေပါင္ဝဲၿမိဳ႕နယ္၊ ေက်ာက္ျဖဴေတာင္ေက်းရြာတြင္ေနထိုင္သည့္ ကေလးငယ္တစ္ဦးမွာ ေမြးရာပါ ဦးေခါင္းခ်ိဳ႕ယြင္းေနသျဖင့္ အခ်ိန္မွီခြဲစိတ္ႏိုင္ရန္အလႈရွင္မ်ားလိုအပ္ေနေၾကာင္းသတင္းရရွိသည္။

ကေလးငယ္ကို ကူညီႏိုင္ရန္အတြက္ ဆင္ေပါင္ဝဲၿမိဳ႕ေနထိုင္သူေရွ႕ေနဦးႏိုင္လင္းမွ လိုက္လံစုံစမ္းရာတြင္ ဆင္ ေပါင္ဝဲၿမိဳ႕နယ္ က်န္းမာေရးဆရာဝန္ႀကီးထံမွ ကေလးငယ္၏ ေနရပ္လိပ္စာကို သိရွိခဲ့ရၿပီး အခ်ိန္မွီခြဲစိတ္ကုသ ႏိုင္ပါက ကေလးငယ္အတြက္ အလားအလာေကာင္းမြန္ႏိုင္သည္ဆိုသည့္အေၾကာင္းအရာပါသိရွိခဲ့ရသျဖင့္ ဦးႏိုင္လင္းကဦးေဆာင္ၿပီး ကေလးငယ္အတြက္ အလွဴေငြမ်ားလက္ခံသြားေရာက္ပို႔ေဆာင္ေပးလွ်က္ရွိသည္။

လက္ရွိရက္ပိုင္းအတြင္း ဦးႏိုင္လင္းက ကေလးငယ္အတြက္ရည္မွန္းအလွဴခံရရွိေငြ ၉၃၀,၀၀၀ က်ပ္ရရွိခဲ့ၿပီး ကေလးငယ္ေနထိုင္ရာ ေက်ာက္ျဖဴေတာင္ေက်းရြာသို႔ သြားေရာက္၍ မိသားစုထံလွဴဒါန္းေပးခဲ့ၿပီးျဖစ္သည္။

ကေလးငယ္ဦးေခါင္းခြဲစိတ္ကုသႏိုင္မႈအေျခအေနသည္ ေငြေၾကးမည္မွ်ကုန္က်ႏိုင္မည္မသိေသာ္လည္း ဦးႏိုင္ လင္းကေတာ့ အခ်ိန္တိုအတြင္းေမွ်ာ္မွန္းမထားသည့္ေငြေၾကးအေျမာက္အမ်ားရရွိလႈဒါန္းႏိုင္ခဲ့၍ ေက်နပ္အားရ လွ်က္ရွိေနၿပီး ထပ္မံ၍လွဴဒါန္းလိုသူမ်ားရွိပါက ၎၏ဖုန္းနံပါတ္ 09-401555532 သို႔ ဆက္သြယ္လွဴဒါန္းႏိုင္ ေၾကာင္း သိရသည္။

ကေလးငယ္အတြက္ မေကြးတိုင္းလူမႈဝန္ထမ္းႏွင့္ ခ်ိတ္ဆက္ေပးထားၿပီး ကေလးအသက္ရွင္ေရးအတြက္သာ အလွဴေငြမ်ားကို သုံးစြဲရန္ႏွင့္ ၿမိဳ႕နယ္ဆရာဝန္ႀကီးမွလည္း ကေလးငယ္အသက္ရွင္သန္ေရးအထူး ဆက္သြယ္ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း ဦးႏိုင္လင္းထံကသိရသည္။

#PeopleMedia

(Unicode)
မွေးရာပါ ဦးခေါင်းချို့ယွင်းနေသည့်ကလေးငယ်ကို အချိန်မှီခွဲစိတ်နိုင်ရန် အလှုရှင်များလိုအပ်နေ
…………………………………………………

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ဖြူတောင်ကျေးရွာတွင်နေထိုင်သည့် ကလေးငယ်တစ်ဦးမှာ မွေးရာပါ ဦးခေါင်းချို့ယွင်းနေသဖြင့် အချိန်မှီခွဲစိတ်နိုင်ရန်အလှုရှင်များလိုအပ်နေကြောင်းသတင်းရရှိသည်။

ကလေးငယ်ကို ကူညီနိုင်ရန်အတွက် ဆင်ပေါင်ဝဲမြို့နေထိုင်သူရှေ့နေဦးနိုင်လင်းမှ လိုက်လံစုံစမ်းရာတွင် ဆင် ပေါင်ဝဲမြို့နယ် ကျန်းမာရေးဆရာဝန်ကြီးထံမှ ကလေးငယ်၏ နေရပ်လိပ်စာကို သိရှိခဲ့ရပြီး အချိန်မှီခွဲစိတ်ကုသ နိုင်ပါက ကလေးငယ်အတွက် အလားအလာကောင်းမွန်နိုင်သည်ဆိုသည့်အကြောင်းအရာပါသိရှိခဲ့ရသဖြင့် ဦးနိုင်လင်းကဦးဆောင်ပြီး ကလေးငယ်အတွက် အလှူငွေများလက်ခံသွားရောက်ပို့ဆောင်ပေးလျှက်ရှိသည်။

လက်ရှိရက်ပိုင်းအတွင်း ဦးနိုင်လင်းက ကလေးငယ်အတွက်ရည်မှန်းအလှူခံရရှိငွေ ၉၃၀,၀၀၀ ကျပ်ရရှိခဲ့ပြီး ကလေးငယ်နေထိုင်ရာ ကျောက်ဖြူတောင်ကျေးရွာသို့ သွားရောက်၍ မိသားစုထံလှူဒါန်းပေးခဲ့ပြီးဖြစ်သည်။

ကလေးငယ်ဦးခေါင်းခွဲစိတ်ကုသနိုင်မှုအခြေအနေသည် ငွေကြေးမည်မျှကုန်ကျနိုင်မည်မသိသော်လည်း ဦးနိုင် လင်းကတော့ အချိန်တိုအတွင်းမျှော်မှန်းမထားသည့်ငွေကြေးအမြောက်အများရရှိလှုဒါန်းနိုင်ခဲ့၍ ကျေနပ်အားရ လျှက်ရှိနေပြီး ထပ်မံ၍လှူဒါန်းလိုသူများရှိပါက ၎င်း၏ဖုန်းနံပါတ် 09-401555532 သို့ ဆက်သွယ်လှူဒါန်းနိုင် ကြောင်း သိရသည်။

ကလေးငယ်အတွက် မကွေးတိုင်းလူမှုဝန်ထမ်းနှင့် ချိတ်ဆက်ပေးထားပြီး ကလေးအသက်ရှင်ရေးအတွက်သာ အလှူငွေများကို သုံးစွဲရန်နှင့် မြို့နယ်ဆရာဝန်ကြီးမှလည်း ကလေးငယ်အသက်ရှင်သန်ရေးအထူး ဆက်သွယ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးနိုင်လင်းထံကသိရသည်။

#PeopleMedia


Share this post