• Follow Us on

Home မွေးမြူရေးကဏ္ဍလုပ်ကိုင်သူများကို အတိုး (၁) ရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ပေးမည်

မွေးမြူရေးကဏ္ဍလုပ်ကိုင်သူများကို အတိုး (၁) ရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ပေးမည်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၃ (People Media)

 

ကိုဗစ်-၁၉ ရောဂါအခြေအနေများကြောင့် ထိခိုက်မှုရှိနေသည့် ငါး၊ ပုဇွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍ လုပ်ကိုင်နေသူများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ အတိုး (၁) ရာခိုင်နှုန်းဖြင့် တစ်နှစ်သတ်မှတ်၍ ချေးယူခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သော စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီမှ ထုတ်ပြန်လိုက်သည်။

 

သတ်မှတ်ထားသည့်ချေးငွေအတွက် အဆိုပြုလျှောက်လွှာပုံစံများဖြင့် လျှောက်ထားရမည်ဖြစ်ပြီး၊ သတ်မှတ် ထားသည့် စာတမ်းအချက်အလက်များ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ကြောင်း၊ ချေးငွေနှင့် ပတ်သက်၍ လျှောက် လွှာများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနများ၏ ရုံးချုပ်နှင့် တိုင်း၊ ပြည်နယ်ရုံးများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းရုံး၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့တွင် ရယူနိုင်ကြောင်း သိရသည်။

 

အဆိုပါ လျှောက်လွှာများကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့မှ စတင်ကာ (၃၀) ရက်နေ့အတွင်း အစိုးရရုံးဖွင့်ရက် ရုံးချိန်တွင် ရန်ကုန်မြို့နှင့် တိုင်းဒေသကြီးရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်း ရုံးတို့တွင် လျှောက်ထားနိုင်ကာ အွန်လိုင်းမှ လျှောက်လိုသူများအတွက် Website လိပ်စာကို ထပ်မံကြေညာ သွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သော စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #ငါးမွေးမြူရေး

 

(unicode)


……………………………………………………………………..

 


 


 


 


 



Share this post