• Follow Us on

Home မှော်ဘီမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်

မှော်ဘီမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၆ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက် ပြားစေရန် ပြုမှုဆောင်ရွက်နေကြောင်း တွေ့ရှိရ၍ မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ လူစုလူဝေးမပြုရန်နှင့် ညမထွက်အရအမိန့်ကို စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

 

မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့် အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် မှော်ဘီမြို့နယ်တွင် စုဝေးခြင်း၊ ဟော ပြောခြင်း၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်းနှင့် ရုန်းရင်းဆန်ခတ်ပြုမူခြင်းများကို မပြု လုပ်ရန်တားမြစ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

 

ထိုအပြင် လူ ၅ ဦး (သို့မဟုတ်) ၅ ဦးထက်ပိုသောသူများသည် မှော်ဘီမြို့နယ်အတွင်း လမ်းမကြီးများ၊ အများ ပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့် သက်ဆိုင်သော နေရာ များတွင် စုဝေးခြင်းမပြုရန်နှင့် ည ၁၀ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်မရအမိန့်ကို ထုတ် ပြန်လိုက်ကြောင်း မှော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #မှော်ဘီမြို့ #ပုဒ်မ၁၄၄

 

(unicode)


………………………………………

 


 


 


 


 



Share this post