• Follow Us on

Home မှော်ဘီမြို့ လျှပ်စစ်ရုံးရှေ့၌ ရပ်ထားသည် ဆိုင်ကယ်မှ မိုင်းပေါက်ကွဲရာ လျှပ်စစ်ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိ

မှော်ဘီမြို့ လျှပ်စစ်ရုံးရှေ့၌ ရပ်ထားသည် ဆိုင်ကယ်မှ မိုင်းပေါက်ကွဲရာ လျှပ်စစ်ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိ

Share this post

မှော်ဘီ၊ နိုဝင်ဘာ ၂၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် လျှပ်စစ်ရုံးရှေ့၌ ရပ်ထားသည့် ဆိုင်ကယ်တစ်စီးမှ မိုင်းပေါက်ကွဲရာ လျှပ်စစ်ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရသည့် ဖြစ်စဉ် ယနေ့ နံနက်ပိုင်းက ဖြစ်ပေါ်ခဲ့ပါတယ်။

 

“ဆိုင်ကယ်ကနေ ထပေါက်တာ။ ဆိုင်ကယ်မှာ မိုင်းဆင်ထားတာ။ နှစ်ကြိမ်ပေါက်တာ။ ဝန်ထမ်း ၅ ဦး ထိ ခိုက်သွားတယ်လို့” ဒေသခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

 

အဆိုပါ ဗုံးပေါက်ကွဲသည့်နေရာအနီးသို့ လုံခြုံရေးအဖွဲ့များ ရောက်ရှိလာပြီးနောက် မိုင်းရှင်းလင်းရေးကို ဆောင်ရွက်ခဲ့ကြောင်း ဒေသခံ အချို့က ပြောပါတယ်။

 

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဝန်ထမ်း ၅ ဦးကို မြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းတို့သည် ပြင်းထန်ဒဏ်ရာ မရရှိကြောင်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

 

အလားတူ လက်ရှိအချိန်၌ လျှပ်စစ်ရုံးကို လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခြင်း၊ မိုင်းပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

 

#PeopleMedia #လျှပ်စစ်ရုံး #မှော်ဘီမြို့နယ်

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 



Share this post