• Follow Us on

Home ရေငုပ်သင်္ဘောသုတေသနစာတမ်းတွေ တရုတ်နိုင်ငံဆီ သူလျိုလုပ် ပြီးပေးခဲ့တဲ့နိုင်ငံသားတစ်ယောက်ကို ရုရှားအစိုးရ အရေးယူဖို့စီစဉ်နေ


Share this post

မော်စကို၊ ဇူလိုင် ၂








#PeopleMedia

(unicode)
ရေငုပ်သင်္ဘောသုတေသနစာတမ်းတွေ တရုတ်နိုင်ငံဆီ သူလျိုလုပ် ပြီးပေးခဲ့တဲ့နိုင်ငံသားတစ်ယောက်ကို ရုရှားအစိုးရ အရေးယူဖို့စီစဉ်နေ
……………………………………………………

မော်စကို၊ ဇူလိုင် ၂

အမေရိကန်-တရုတ်ဆက်ဆံရေးဆိုးရွားနေချိန် နှစ်နိုင်ငံကြားနှစ်ပေါင်းများစွာဆက်ဆံရေးကောင်းလာတဲ့ရုရှားနိုင်ငံကလည်း တရုတ်နိုင်ငံကို သူလျိုမှုနဲ့စွပ်စွဲလိုက်ပါတယ်။

ရုရှားနိုင်ငံရဲ့စိန့်ပီတာစဘာ့ဂ်ျအာတိတ်လူမှုသိပ္ပံအကယ်ဒမီပါမောက္ခချုပ်ဗလာရီ မစ်ကိုဟာ တရုတ်ထောက်လှမ်းရေးတွေဆီ လျှို့ဝှက်စာရွက်စာတမ်းတွေလွှဲပြောင်းပေးမှုနဲ့အပြစ်ရှိတယ်ဆိုပြီး TASS သတင်းအေဂျင်စီကဖော်ပြပါတယ်။

တရုတ်နိုင်ငံခရီးစဉ်မှာ မစ်ကိုက လျှို့ဝှက်စာရွက်စာတမ်းတွေလွှဲပြောင်းပေးခဲ့တာလို့ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေမှာသိ ရပါတယ်။

ရုရှားနိုင်ငံကို ပြန်ရောက်လာတဲ့အချိန် သူ့တိုက်ခန်းကိုဝင်ရှာခဲ့ပြီး သူ့ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်ထားတယ်လို့ သူ့ရှေ့နေအိုင်ဗန် ပက်ဗလော့ကပြောပါတယ်။

မစ်ကိုဟာ ရုရှားနိုင်ငံရဲ့ဆိုနာနည်းပညာနဲ့ရေငုပ်သင်္ဘောထောက်လှမ်းမှုမဟာဗျူဟာတွေကို တရုတ်နိုင်ငံဆီလွှဲပြောင်းပေးခဲ့တာ ပါ။

သူ့ကို နေအိမ်မှာပဲ အကျဉ်းချထားဖို့ စိန့်ပီတာစဘာ့ဂ်ျတရားရုံးက ဇွန်လလယ်ပိုင်းမှာ အမိန့်ချထားပါတယ်။

Ref : Russia Accuses China Of Spying, Stealing Submarine Research Papers

#PeopleMedia


Share this post