• Follow Us on

Home ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ကျေးရွာအနီး၌ PDF အဖွဲ့များ၏ လက်လုပ်သေနတ်များ၊ လေ့ကျင့်ရေးသေနတ်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ကျေးရွာအနီး၌ PDF အဖွဲ့များ၏ လက်လုပ်သေနတ်များ၊ လေ့ကျင့်ရေးသေနတ်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Share this post

ရေစကြို၊ မတ် ၃

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ကျေးရွာအနီးရှိ တဲအတွင်းမှ PDF အဖွဲ့များ၏ လက်လုပ်သေနတ်များ၊ လေ့ကျင့်ရေးသေနတ်များနှင့် ဆက်စပ်ပစ္စည်းများကို မတ်လ ၂ ရက်နေ့က သိမ်း ဆည်းရမိခဲ့သည်။

 

သိမ်းဆည်းရမိခဲ့သည့်ပစ္စည်းများမှာ လက်လုပ်သေနတ် ၇ လက်၊ သစ်သားကိုယ်ထည် လေ့ကျင့်ရေးသေနတ် ၆ လက်၊ လက်လုပ်သေနတ်ပြောင်း ဆိုဒ်စုံ ၂၉ ချောင်း အပါအဝင် အခြားသော ဆက်စပ်ပစ္စည်းများ ပါဝင်သည်။

 

အလားတူ မတ်လ ၂ ရက်နေ့ ည ရး၃၀ အချိန်က ရေစကြိုမြို့၊ အမှတ်(၁)ရပ်ကွက်၊ ထင်းတန်းရပ်နေ ဒေါ်မြင့် မြင့်ခိုင်(ခ)ဒေါ်သင်းသင်းကို PDF အဖွဲ့မှ လုပ်ကြံသတ်ဖြတ်ခဲ့သည်။

 

ရေစကြိုမြို့နယ်သည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်၌ မြို့နယ်ရှိ စာသင်ကျောင်းများ၊ တိုက်နယ်ဆေးရုံများနှင့် မြို့ပေါ်ရှိ စာသင်ကျောင်းများ၊ ဆေးရုံများ ပိတ်ထားခဲ့ရသည်။

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 

#PeopleMedia


Share this post