• Follow Us on

Home ရေစကြိုမြို့နယ်၊ ခံစပ်တောကျေးရွာရှိ ရွာဦးကျောင်းဆရာတော်ကို အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့ပြီး ကျောင်းပိုင် ယာဉ် ၂ စီးကို ယူဆောင်သွား

ရေစကြိုမြို့နယ်၊ ခံစပ်တောကျေးရွာရှိ ရွာဦးကျောင်းဆရာတော်ကို အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့ပြီး ကျောင်းပိုင် ယာဉ် ၂ စီးကို ယူဆောင်သွား

Share this post

ရေစကြို၊ ဇွန် ၂၄

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ခံစပ်တောကျေးရွာရှိ ရွာဦးကျောင်းထိုင်ဆရာတော်ဖြစ်သည့် ဥူးစန္ဒာ တရာကို အကြးဖက်သမားများက ဇွန် ၂၃ ရက်နေ့ နံနက်ပိုင်းက သတ်ဖြတ်သွားခဲ့ပြီးနောက် ကျောင်းတိုက်ပိုင် မော်တော်ယာဉ်နှစ်စီးကို ယူဆောင်သွားသည်။

 

“အခုက တပ်မတော်စစ်ကြောင်းတွေ ရောက်လာလို့ ကျောင်းတိုက်မှာ တည်းခိုခဲ့ရင် အဲ့ဒီကျောင်းထိုင်ဆရာ တော်က နေ့မကူးဘူး။ စစ်ကြောင်းထွက်ပြီး နောက်နေ့ အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ ရေစကြိုမှာ ပျံလွန်တော်မူတဲ့ ဆရာတော်တွေ မနည်းတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောဆိုသည်။

 

ရေစကြိုမြို့နယ်သည် PDF အဖွဲ့များ အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တယား ပျက်စီးနေသည့် မြို့နယ်တစ်ခုဖြစ်သည်။

 

လက်ရှိအချိန်၌ ရေစကြိုမြို့နယ်၊ မြစ်အရှေ့ကျေးရွာများ၌ စာသင်ကျောင်းများ၊ တိုက်နယ်ဆေးရုံများ၊ ကျေး လက်ဆေးပေးခန်းများ ပိတ်ထားရသည့်အခြေအနေရှိနေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများလည်း နေအိမ်မှ တိမ်း ရှောင်နေရသော မြို့နယ်ဖြစ်သည်။

 

#PeopleMedia #ရေစကြိုမြို့နယ်

 

(unicode)


……………………………

 


 


 


 


 


 



Share this post