• Follow Us on

Home ရေစကြိုမြို့နယ်၊ ရွာသာအေးကျေးရွာ၌ နေထိုင်သည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့များက လုပ်ကြံ သတ် ဖြတ်

ရေစကြိုမြို့နယ်၊ ရွာသာအေးကျေးရွာ၌ နေထိုင်သည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့များက လုပ်ကြံ သတ် ဖြတ်

Share this post

ရေစကြို၊ မတ် ၁၀

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရွာသာအေးကျေးရွာ၌ နေထိုင်သည့် ဦးလွန်ပြေကို PDF အဖွဲ့များက မတ်လ ၉ ရက်နေ့၌ လုပ်ကြံသတ်ဖြတ်ခဲ့သည်။

 

“ရွာသားတစ်ဦးကို PDF အဖွဲ့တွေက ဓါးတွေနဲ့ ဝိုင်းခုတ်ပြီး ကျွဲသတ်၊ နွားသတ်သလို လုပ်ကြံ သတ်ဖြတ်သွား တာ။ ကျွန်တော်တို့လည်း ကျေးရွာလုံခြုံရေးအတွက် ပြည်သူ့စစ် ဖွဲ့ချင်နေပြီ။ ပြည်သူ့စစ်ဖွဲ့ပေးပါလို့ နိုင်ငံတော် အကြီးအကဲတွေကို တောင်းဆိုပါတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

ရေစကြိုမြို့နယ်သည် PDF အဖွဲ့များ အားကောင်းလျက်ရှိပြီး အဆိုပါအဖွဲ့များသည် သံဃာတော်များ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပြည်သူများကို လုပ်ကြံသတ်ဖြတ်လျက်ရှိသည်။

 

ရေစကြိုမြို့နယ်၌ PDF အဖွဲ့၏ လက်ချက်ကြောင့် သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ ၃၀ ကျော် ခန့် လုပ်ကြံခြင်း ခံခဲ့ရသည်။

 

#PeopleMedia

 

(unicode)


…………………………………

 


 


 


 


 


 

#PeopleMedia


Share this post