• Follow Us on

Home ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာကို NUG/PDF အကြမ်းဖက်များမှ မီးဝင်ရှို့ရာ နေအိမ် ၁၇ မီးလောင် ပျက်စီးခဲ့

ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာကို NUG/PDF အကြမ်းဖက်များမှ မီးဝင်ရှို့ရာ နေအိမ် ၁၇ မီးလောင် ပျက်စီးခဲ့

Share this post

ရေစကြို၊ မတ် ၁၄

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာ၌ NUG/PDF အကြမ်းဖက်များမှ မီးဝင်ရှို့ရာ နေအိမ် ၁၇ မီးလောင် ပျက်စီးခဲ့သည်။

 

“အုပ်ချုပ်ရေးမှူးအိမ်အပါအဝင် ကျေးရွာက အိမ် စုစုပေါင်း ၁၇ လုံး မီးလောင်ပျက်စီးခဲ့တယ်။ မီးလာရှို့တဲ့ အဖွဲ့ က NUG/PDF အဖွဲ့တွေ ဖြစ်တယ်။ ရေစကြိုမှာ သောင်းကျန်းနေတဲ့ NUG/PDF တွေကို ရှင်းလင်းပေးဖို့ န-စ-ကဥက္ကဋ္ဌထံ တောင်းဆိုချင်တယ်။ ရွာသားတွေကိုလည်း လက်နက်တပ်ဆင်ပေးပါလို့ ပြောချင်ပါတယ်” လို့ ဒေ သခံတစ်ဦးက ပြောသည်။

 

ရေစကြိုမြို့နယ်သည် NUG/PDF အဖွဲ့များ သောင်းကျန်းလျက်ရှိသည့် မြို့နယ်ဖြစ်ပြီး ၎င်းတို့ လက်ချက်ကြောင့် နေ့စဉ် ဒေသခံများ သေဆုံးရလျက်ရှိနေသည်။

 

#PeopleMedia

 

(unicode)


…………………………………………………

 


 


 


 


 

#PeopleMedia


Share this post