• Follow Us on
Latest News

Home ရေစကြိုမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိသည့် စုပေါင်းရုံးနှင့် ပခန်းကြီးနယ်ရဲစခန်းတို့ကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း ရေစကြို PDF ထုတ်ပြန်

ရေစကြိုမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိသည့် စုပေါင်းရုံးနှင့် ပခန်းကြီးနယ်ရဲစခန်းတို့ကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း ရေစကြို PDF ထုတ်ပြန်

Share this post

မကွေး၊ သြဂုတ် ၁၉ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိသည့် စုပေါင်းရုံးဧရိယာအတွင်း၌ ယနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပခန်းကြီးနယ်ရဲစခန်း၌ ဖြစ်ပေါ်ခဲ့သည့် ဗုံးကွဲမှုများသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ရေစကြို PDF က သတင်းထုတ်ပြန်ထားပါတယ်။

 

“မြို့နယ်ထွေအုပ်ရုံးဧရိယာထဲမှာ တစ်လုံး၊ စီးပွားရေးဘဏ်ဧရိယာထဲမှာ တစ်လုံးပေါက်တာပါ၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနဲ့ စီးပွားရေးဘဏ်က ရုံးပေါင်းစုံထဲမှာရှိပါတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

 

တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ယာယီထိန်းသိမ်းခဲ့သည့်နောက်ပိုင်း၌ ရေစကြိုမြို့နယ်ရှိ တပ်မတော် ထောက်ခံသူ သားမိနှစ်ဦးသည် ဓါးခုတ်ခံရပြီး သမီးဖြစ်သူသည့် နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

 

အလားတူ မနေ့က ညနေပိုင်း၌ ရေစကြိုမြို့နယ်၊ မင်းရွာမှ ရွာသားနှစ်ဦးလည်း အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ်။

 

#PeopleMedia #ရေစကြိုမြို့

 

(unicode)


………………………………………………………..

 


 


 


 


 


 



Share this post