• Follow Us on

Home ရေစကြိုမြို့နယ်၌ ကျည်ဆံ၊ ယူနီဖောင်းများနှင့် ဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ PDF အဖွဲ့ဝင် အမျိုးသမီး သုံးဦး ဖမ်းဆီးခံရ

ရေစကြိုမြို့နယ်၌ ကျည်ဆံ၊ ယူနီဖောင်းများနှင့် ဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ PDF အဖွဲ့ဝင် အမျိုးသမီး သုံးဦး ဖမ်းဆီးခံရ

Share this post

 

ရေစကြို၊ မတ် ၁၄

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ တောင်အိုကျေးရွာရှိ နေအိမ်တစ်လုံးတွင်းမှ ကျည်ဆံ၊ ယူနီဖောင်း များနှင့် ဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ PDF အဖွဲ့ဝင် အမျိုးသမီး သုံးဦး ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးခံရသည့် အမျိုးသမီး သုံးဦးမှာ PDF အဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့သည် ဖောက်ခွဲရေးပစ္စည်းပြုလုပ်ရာ၌ အသုံးပြုရန် ဆက်စပ်ပစ္စည်းများ ဝယ်ယူခြင်း၊ ဆေးပစ္စည်းများ ဝယ်ယူခြင်း လုံခြုံရေးယာဉ်တန်းများ၏ သွား လာမှုများကို ကင်းထောက်ခြင်း ဆောင်ရွက်လျက်ရှိသူများဖြစ်သည်။

 

“ဖမ်းဆီးခံရသူတွေက ညိုစန်း၊ ဆွေဆွေဝင်း၊ နှင်းယုဝေတို့ ဖြစ်တယ်။ သူတို့က NLD ပါတီဝင်တွေ ပြီးတော့ ဆန္ဒပြရာမှာ ရှေ့ဆုံးက ပါဝင်သူတွေ ဖြစ်တယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

၎င်းတို့၏ အိမ်နေအတွင်းမှ ၅.၅၆ ကျည် ၃၁ တောင့်၊ ၉-မမကျည် ၁၀ တောင့်၊ ရိုင်ဖယ်ကျည် ၆ တောင့်၊ ပြောက်ကျားယူနီဖောင်း(၁)စုံ၊ အနက်ရောင် ဝတ်စုံ (၇)စုံ၊ ဉီးထုပ်အနက် (၂)လုံး၊ လည်တိုဖိနပ် ၁၂ ရံ၊ ကျည်ဆံထိပ်ဖူးပြုလုပ်ရာတွင်အသုံးပြုသည့် ကြေးပြား ၁၉ ပြား၊ OHM တိုင်းကိရိယာ ၂ ခု၊ ဝရိန်ခဲချောင်း ၄၀ ချောင်း၊ လက်လုပ် REMOTE မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် Keypart ဖုန်း ၁ လုံး၊ ဘက်ထရီအိုး(အသေး) ၇ လုံး၊ လက်လုပ်ကျည်ဆံပြုလုပ်ရာတွင်ပါဝင်သည့် ပစ္စည်းများ တွေ့ရှိခဲ့သည်။

 

#PeopleMedia

 

(unicode)


……………………………….

 


 


 


 


 


 

#PeopleMedia


Share this post