• Follow Us on

Home ရေစကြိုမြို့နယ်၌ ခရီးသည်ယာဉ်ဖြင့် လက်နက်သယ်ဆောင်လာသည့် ကျား (၃) ဦး၊ မ (၁) ဦး ဖမ်းဆီးခံရ

ရေစကြိုမြို့နယ်၌ ခရီးသည်ယာဉ်ဖြင့် လက်နက်သယ်ဆောင်လာသည့် ကျား (၃) ဦး၊ မ (၁) ဦး ဖမ်းဆီးခံရ

Share this post

ရေစကြို၊ မတ် ၉

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာအနီး၌ ရွှေအာကာ ယာဉ်တစ်စီးကို လုံခြုံရေးအဖွဲ့ များက စစ်ဆေးရာ ယာဉ်ပေါ်၌ AK-47 သေနတ် တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၁၀ တောင့် တွေ့ရှိခဲ့ သည်။

 

သယ်ဆောင်လာသောသူများသည် ရွှေအာကာယာဉ်လိုင်းမှာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ပါအပါအဝင် ခရီးသည်နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

 

“လက်နက်ကို အသားတုတွေ အိပ်ထဲထည့်သယ်လာတာ။ အခု ကျား ၃ ဦး၊ မ ၁ ဦးကို ဖမ်းဆီးထားပါတယ်” လို့ ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

 

ရေစကြိုမြို့သည် PDF အဖွဲ့များ အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး အဆိုပါ အဖွဲ့များသည် ရေစကြိုမြို့ နယ်ရှိ ရဲစခန်းများအပါအဝင် ဆက်စပ်မြို့နယ်ရှိ ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ပိုင် လက်နက် များကို ယူဆောင်သည့်ဖြစ်စဉ်များ ဆောင်ရွက်ခဲ့သည်။

 

#PeopleMedia

 

(unicode)


…………………………..

 


 


 


 


 


 

#PeopleMedia


Share this post