• Follow Us on

Home ရေစကြိုမြို့နယ်၌ ဒုတိယမြောက် PDF အထိုင်စခန်း အတိုက်ခံရပြီး PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံထားရ

ရေစကြိုမြို့နယ်၌ ဒုတိယမြောက် PDF အထိုင်စခန်း အတိုက်ခံရပြီး PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံထားရ

Share this post

မကွေး၊ သြဂုတ် ၂၃ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ မြေမလှကျေးရွာအနီး၊ တောတွင်းရှိ PDF အထိုင်စခန်းတစ်ခုသည် ယနေ့ နံနက်ပိုင်းက ဝင်ရောက်ရှင်းလင်းခံရပြီး PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံလိုက်ရကြောင်း ရေစကြိုမြို့ခံများ ထံမှ သိရပါတယ်။

 

အဆိုပါ မြေမလှကျေးရွာရှိ အထိုင်စခန်းရှင်းလင်းခံရပြီး PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရပြီး စစ်အသုံးအဆောင် ပစ္စည်းများနှင့် လုပ်သေနတ်များ သိမ်းဆည်းခံခဲ့ရကြောင်း သိရပါတယ်။

 

ပြီးခဲ့သည့်ရက်ပိုင်းက ရေစကြိုမြို့နယ်၊ မအူအလယ်ရွာရှိ PDF အထိုင်စခန်း ပထမအကြိမ် ရှင်းလင်းခံခဲ့ရပြီး ဒုတိယမြောက်အနေဖြင့် မြေမလှကျေးရွာအနီးရှိ PDF အထိုင်စခန်း ဆက်လက်အရှင်းခံရတာ ဖြစ်ပါတယ်။

 

#PeopleMedia #ရေစကြိုမြို့ #PDF

 

(unicode)


……………………………………………………….

 


 


 


 


 



Share this post