• Follow Us on

Home ရေစကြိုမြို့နယ်၌ လူငယ်တစ်ဦး ကျည်ထိမှန်၍ သေဆုံး

ရေစကြိုမြို့နယ်၌ လူငယ်တစ်ဦး ကျည်ထိမှန်၍ သေဆုံး

Share this post

မကွေး၊ အောက်တိုဘာ ၄ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ ဒိတ်လက်ဖက်ရည်ဆိုင်၌ ဆိုင်ထိုင်နေသည့် လူငယ် (၅) ဦးကို လုံခြုံ ရေးအဖွဲ့များက စစ်ဆေးရန် ခေါ်ယူရာ၌ လူငယ်တစ်ဦးသည် ထွက်ပြေးသောကြောင့် လုံခြုံရေးအဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ရာ လူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ရေစကြိုမြို့နယ် ဒိတ်လက်ဖက်ရည်ဆိုင်အတွင်းသို့ လုံခြုံရေးအဖွဲ့များ ရောက်ရှိလာပြီး ဆိုင်အတွင်းရှိ လူငယ် (၅) ဦးကို စစ်ဆေးရန် ယာဉ်ပေါ်သို့ တင်ဆောင်ရာ၌ လူငယ်တစ်ဦးသည် ထွက်ပြေး သွားသောကြောင့် လုံခြုံရေးအဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ရာ ကျည်ထိမှန်၍ သေဆုံးသွားခဲ့တယ်လို့ လုံခြုံ ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

အဆိုပါဖြစ်စဉ် ဖြစ်ပေါ်ပြီးနောက် ဆိုင်ပိုင်ရှင်ဖြစ်သူအပါအဝင် ဆိုင်အတွင်းရှိ လူငယ်အချို့ကို လုံခြုံရေးအဖွဲ့ များက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

 

ရေစကြိုမြို့နယ်သည် ခမရ ၂၅၆၊ ၂၅၆၊ ၂၅၈ အခြေစိုက်သည့် မြို့နယ်တစ်ခုဖြစ်သော်လည်း မကြာခဏ မြို့ပေါ်ရှိ အစိုးရအဖွဲ့ရုံးများ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည့် မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

 

လက်ရှိအချိန်၌ ဒေသခံ PDF အဖွဲ့များ၏ ခြိမ်းခြောက်မှုကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်မှု မြင့်တက်လာသည့် မြို့နယ်တစ်ခုဖြစ်ပါတယ်။

 

ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းက ရေစကြိုမြို့နယ်ရှိ ကားလမ်းမတစ်ခု၌ ထောင်ထားသည့် မိုင်းကို ရှင်းလင်းရေး ဆောင်ရွက်နေစဉ် မိုင်းကွဲပြီး တပ်ကြပ်ကြီးတစ်ဦး ကျဆုံးခဲ့ပါတယ်။

 

#PeopleMedia #ရေစကြိုမြို့နယ်

 

(unicode)

ရစေကွိုမွို့နယျ၌ လူငယျတဈဦး ကညြျထိမှနျ၍ သဆေုံး

…………………………………………………………

 

မကှေး၊ အောကျတိုဘာ ၄ (People Media)

 


 


 


 


 


 


 



Share this post