• Follow Us on

Home ရေစကြိုမြို့နယ်၌ သက်တော် ၆၃ နှစ် အရွယ်ရှိ ဆရာတော်တစ်ပါးသည် ဆွမ်းခံနေချိန် PDF အဖွဲ့က သေနတ် ဖြင့် လုပ်ကြံမှုပြုလုပ်ခဲ့သော်လည်း ဆရာတော် အသက်ဘေးမှ လွတ်မြောက်ခဲ့

ရေစကြိုမြို့နယ်၌ သက်တော် ၆၃ နှစ် အရွယ်ရှိ ဆရာတော်တစ်ပါးသည် ဆွမ်းခံနေချိန် PDF အဖွဲ့က သေနတ် ဖြင့် လုပ်ကြံမှုပြုလုပ်ခဲ့သော်လည်း ဆရာတော် အသက်ဘေးမှ လွတ်မြောက်ခဲ့

Share this post

ရေစကြို၊ မတ် ၁၀

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ထန်းဆယ်ပင်ကျေးရွာရှိ မဟာဝိဇယရာမဘုန်းကြီးကျောင်းတိုက်မှ သက်တော် ၆၃ နှစ် အရွယ်ရှိ ဆရာတော်တစ်ပါးသည် ဆွမ်းခံနေချိန် PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်လုပ် ကြံခဲ့သော်လည်း ဆရာတော်သည် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

 

ဖြစ်စဉ်မှာ မတ်လ ၈ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ရေစကြိုမြို့နယ်၊ ထန်းဆယ်ပင်ကျေးရွာရှိ မဟာဝိဇ ယရာမဘုန်းကြီးကျောင်းမှ ဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဒါစာရ (၆၃)နှစ်သည် ကျေးရွာအတွင်း ဆွမ်းခံကြွရာမှ ကျောင်းသို့ ပြန်လာစဉ် ဘုန်းကြီးကျောင်းအနီးအရောက်၌ အကြမ်းဖက်အမျိုးသား ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်သွားခြင်းကြောင့် ဆရာတော်တွင် ဝဲရင်အုံအထက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်သန်း ကျည်ထိမှန်ဒဏ်ရာ ၁ ချက်ရရှိခဲ့၍ ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိ ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………….

 


 


 


 


 

#PeopleMedia


Share this post