• Follow Us on

Home ရေစကြိုမြို့နယ်၌ ဒေသခံ ရွာသား ၃ ဦး လုပ်ကြံသတ်ဖြတ်ခံရ

ရေစကြိုမြို့နယ်၌ ဒေသခံ ရွာသား ၃ ဦး လုပ်ကြံသတ်ဖြတ်ခံရ

Share this post

မကွေး၊ ဒီဇင်ဘာ ၂၃ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာရှိ ဒေသခံ ၃ ဦးသည် ဒီဇင်ဘာ ၂၂ ရက်နေ့ ညပိုင်းက လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရပါတယ်။

 

လုပ်ကြံခံခဲ့ရသည့် ဦးအောင်ဆန်း၊ ဦးကျော်ထက်အောင်၊ ဦးထင်လင်းအောင်တို့သည့် ဆင်မရဲကျေးရွာ နေထိုင်သူများဖြစ်ပြီး ၎င်းတို့သည် ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုပါတယ်။

 

လက်ရှိအချိန်၌ သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းကို ရေစကြိုမြို့နယ်ဆေးရုံကြီးသို့ ယူဆောင်လာပြီး တာဝန်ရှိသူများက စစ်ဆေးနေကြောင်း ဒေသခံအချို့က ပြောပါတယ်။

 

ပခုက္ကူခရိုင် ရေစကြိုမြို့နယ်သည် PDF များ အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး မကြာခဏ တပ်မ တော်ထောက်ခံသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ လျှပ်စစ်ဝန်ထမ်းများ၊ ထွေအုပ်များ လုပ်ကြံသတ်ဖြတ်ခံ နေရသလို ရဲကင်းစခန်းများလည် တိုက်ခိုက်ခံခဲ့ရပါတယ်။

 

ထို့အတူ ရေစကြိုမြို့သည် တပ်မတော်တပ်ရင်း တပ်ဖွဲ့များအခြေစိုက်သည့် မြို့နယ်တစ်ခုဖြစ်ပါတယ်။

 

#PeopleMedia #ရေစကြိုမြို့

 

(unicode)

ရစေကွိုမွို့နယျ၌ ဒသေခံ ရှာသား ၃ ဦး လုပျကွံသတျဖွတျခံရ

…………………………………………………..

 


 


 


 


 


 


 



Share this post